Uber မောင်းသမားကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ ဘောလိဝုဒ်မင်းသမီး

yyl-026-8.jpg

ဘောလိဝုဒ်ရဲ့နာမည်ကြီးမင်းသမီး ဆိုနမ် ကာပေါ (Sonam Kapoor) ဟာ Uber ကားနဲ့ ပတ်သက်ပြီး ထိတ်လန့်တုန်လှုပ်မှုကို ခံစားခဲ့ရတဲ့အတွေ့အကြုံကြောင့် လန်ဒန်မြို့က Uberအသုံးပြုသူတွေကို သတိပေးခဲ့ပါတယ်။ ဘယ်လို ကြုံတွေ့ခဲ့ရလို့ Uber အသုံးပြုသူတွေကို သတိပေးလိုက်တာလဲဆိုတာစဉ်းစားစရာဖြစ်ခဲ့ပါတယ်။ င်းသမီးဆိုနမ်က ဘယ်လိုကြုံတွေ့ခဲ့ရလဲဆိုရင် Uber ကားမောင်းသမားဟာ ခရီးစဉ်တစ်လျှောက်လုံးမှာ ဂနာမငြိမ်ဖြစ်တာ အရမ်းသိသာလွန်းပြီး အော်ဟစ်နေခဲ့လို့ပါပဲ။ ဒီအကြောင်းကို follower (၁၂.၈) သန်းရှိတဲ့ အင်စတာဂရမ်အကောင့်ကနေ Uberကို Tagတွဲပြီး ပြောခဲ့တာဖြစ်ပါတယ်။ ဟိုဘက်ကနေ အော်တိုမက်ဆေ့ချ်နဲ့သာ တုံ့ပြန်ခဲ့ပါတယ်။

“နောက်ဆုံးမှာ ကျွန်မ အဲဒါကြောင့် တုန်လှုပ်ခဲ့ရပါတယ်။ Uber အက်ပလီကေးရှင်းကို အပြစ်တင်ဖို့ ကြိုးစားခဲ့တယ်။ အော်တိုပြန်တဲ့စာမျိုးစုံကိုသာ ရရှိခဲ့ပါတယ်။ မင်းတို့ စနစ်ကို အဆင့်မြှင့်ဖို့လိုလာပြီ။ စုတ်ပြတ်နေပြီ။ မင်းတို့လုပ်နိုင်တာ ဘာမှမရှိဘူး။ အကောင်းဆုံးနဲ့ အလုံခြုံဆုံးက ဒေသတွင်းအများပြည်သူသုံးကားတွေသုံးဖို့ပါပဲ” လို့ ပြောခဲ့ပါတယ်။ န္ဒိယနိုင်ငံကUberကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက အခုထိ တုံ့ပြန်စကားပြောခြင်း မရှိခဲ့ပါဘူူး။ ဆိုနမ်က ဒီလထဲမှာ ခရီးဆောင်အိတ် (၂) ကြိမ်ပျောက်သွားလို့ ဗြိတိန်လေကြောင်းလိုင်းကို ဝေဖန်မှုတွေပြုလုပ်ပြီးတဲ့ နောက်တစ်ပတ်အကြာမှာ Uber နဲ့ပတ်သက်ပြီး အခုလိုကြုံတွေ့ခဲ့ရတာပါ။

ကြီးမားကျယ်ပြန့်လှတဲ့ အငှားကားခေါ်တဲ့ Uber အက်ပလီကေးရှင်းဟာ ခရီးသည်တွေရဲ့ လုံခြုံရေးမှတ်တမ်းနဲ့ ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းက ဝေဖန်ရှုတ်ချမှုတွေကို ရရှိနေပါပြီ။

Ref: Bollywood star Sonam Kapoor Ahuja slams Uber after ‘scariest experience’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top