ရေဘေးသင့်ပြည်သူတွေအတွက် ရုပ်ရှင်မင်းသားကြီး ဦးကျော်သူမိသားစုနဲ့ အလှူရှင်များစွာရဲ့မွန်မြတ်တဲ့အလှူဒါန

My-Post-2.jpg

နာရေးကူညီမှုအသင်း (ရန်ကုန်) အနေနဲ့ မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေ၊ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို သွားရောက်လှူဒါန်းကြမယ် လို့သိရပါတယ်။

သရုပ်ဆောင် မေမြင့်မိုရ်ရဲ့ လှူဒါန်းမှု

အလှူရှင်များစွာကလည်း ငွေသားနဲ့ ပစ္စည်းတွေကို လာရောက်လှူဒါန်းထားကြ

ဒီလှူဒါန်းမှုမှာ နာရေးကူညီမှုအသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ရုပ်ရှင်မင်းသားကြီး ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့က သူတို့ရဲ့ (၃၈) နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှတ် အလှူဒါန အဖြစ် ငွေကျပ် သိန်း (၁၀၀) ကိုမတည်လှူဒါန်းထားပြီး သရုပ်ဆောင် ထွန်းကိုကိုနဲ့ ထွန်းကိုကိုချစ်သူများအဖွဲ့၊ သရုပ်ဆောင် အိချောပိုနဲ့ မိသားစု၊ သရုပ်ဆောင် မေမြင့်မိုရ် ၊ သရုပ်ဆောင် သျှင်းမြတ်တို့အပြင် အခြားအလှူရှင်များစွာကလည်း ငွေသားနဲ့ ပစ္စည်းတွေကို လာရောက်လှူဒါန်းထားကြပါတယ်။

သရုပ်ဆောင် အိချောပိုနဲ့ မိသားစု

သရုပ်ဆောင် ထွန်းကိုကိုနဲ့ ထွန်းကိုကိုချစ်သူများအဖွဲ့

အသင်းသားတွေနဲ့ ဝန်ထမ်းတွေက လည်း လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ဆောင်နေကြ

မနက်ဖြန် သြဂုတ်လ (၁၃) ရက်နေ့မှာ မွန်ပြည်နယ်က ရေဘေးသင့်ဒေသတွေဆီကို အလှူငွေနဲ့ ပစ္စည်းတွေ သွားရောက်လှူဒါန်းမှာဖြစ်တာကြောင့် အသင်းသားတွေနဲ့ ဝန်ထမ်းတွေက လည်း လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ဆောင်နေကြတာကိုတွေ့ရပါတယ်။

ဓာတ်ပုံ – နာရေးကူညီမှုအသင်း (ရန်ကုန်)
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top