ရေဘေးအန္တရာယ်ကို ဆိုးရွားစွာခံစားနေရတဲ့ တိုင်းနဲ့ ပြည်နယ် (၄) ခုအတွက် ကူညီလှူဒါန်းမှုတွေပြုလုပ်နိုင်

665.jpg

မြန်မာနိုင်ငံမှာ နှစ်စဉ် ရေကြီးမှု၊ မြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့ အခုနှစ်ကတော့ နှစ်ပေါင်း (၃၀) အတွင်း ထူးထူးခြားခြားဖြစ်ရပ်တစ်ခုဖြစ်နေပါတယ်။ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ရေဘေးကြုံတွေ့နေရြပြီး တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်မှာတော့ ရေဘေးအပြင် မြေပြိုမှုဘေးအန္တရာယ်နဲ့ပါ ကြုံတွေ့နေရတာပါ။

မွန်ပြည်နယ်ကတော့ အဆိုးအခြေအနေဖြစ်နေပြီး ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာက တောင်ပြိုကျမှုဖြစ်စဉ် ကြောင့် သေဆုံးသူ (၅၃) ဦးအထိရှိလာပါတယ်။ လက်ရှိမှာလည်း အန္တရာယ်ရှိဇုန်အဖြစ်ယာယီသတ်မှတ်ပြီး နစ်မြုပ်ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေပါတယ်။ ရေးမြို့နယ်မှာလည်း ရေကြီးနစ်မြုပ်မှုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေရပါတယ်။ နေအိမ်ပြိုကျတာတွေ၊ မျောပါတာတွေရှိပေမဲ့ လူသေဆုံးမှုတော့မရှိသေးပါဘူး။ အဲဒီရေဘေးကြောင့် လူ (၄၀၀၀) နီးပါးဟာ ကယ်ဆယ်ရေးစခန်း (၈) ခုမှာ ခိုလှုံနေကြရပါတယ်။

တနင်္သာရီတိုင်းမှာလည်း မြေပြိုမှုဖြစ်စဉ်များရှိပြီး လူ (၃) ဦး သေဆုံးထားပြီး လူ (၄၀၀၀) နီးပါးကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရပါတယ်။ ပဲခူးတိုင်းမှာ လူဦးရေ (၂၂၀၀၀) နီးပါးဟာ ရေဘေးကြောင့် တိမ်းရှောင်နေရကာ ကရင်ပြည်နယ်မှာတော့ ရေဘေးကြောင့် လူဦးရေ (၁၆၀၀၀) နီးပါး တိမ်းရှောင်နေရပါတယ်။

အခုလက်ရှိအချိန်အထိတော့ မွန်ပြည်နယ်ကို ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူကိုယ်တိုင် သွားရောက် ကွင်းဆင်းကြည့်ရှုခဲ့တဲ့အပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနဲ့ အစိုးရက စားနပ်ရိက္ခာဖြည့်ဆည်းထောက်ပံ့တာတွေ၊ ကယ်ဆယ်ရေးထောက်ပံ့တာတွေကို လုပ်ဆောင်ပေးနေပါတယ်။ လူမှုရေးအသင်းအဖွဲ့တွေ၊ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ တစ်သီးပုဂ္ဂလစေတနာရှင်တွေကလည်း ရေဘေးသင့်ဒေသအေားလုံးဆီ သွားရောက်လှူဒါန်းမှုတွေလုပ်နေကြပါတယ်။

ပါဝင်လှူဒါန်းလိုသူတွေအတွက် အထောက်အကူဖြစ်စေမယ့်အချက်အလက်တွေကိုလည်း တစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်။

ရေဘေးသင့်ဒေသများသို့ သယ်ယူပို့ဆောင်ရေးအလှူ Cherry Yoma Group မှ 10 ပေ၊ 14 ပေ၊ 6 ဘီး၊ 12 ဘီးကားတွေနဲ့ ရန်ကုန်ကနေ မော်လမြိုင်အစိုးရလွှတ်တော်ရုံးအထိ အခမဲ့ ပို့ဆောင်လှူဒါန်းပေးသွားဖို့ရှိပါတယ်။ သြဂုတ်လ (၁၄) ရက် မနက်ပိုင်းမှာစတင်ထွက်မှာဖြစ်လို့ သြဂုတ်လ (၁၃) ရက်ညပိုင်းအထိ အလှူပစ္စည်းတွေကို လက်ခံပေးသွားမှာပါ။ လာရောက်လှူဒါန်းနိုင်မယ့်နေရာတွေကတော့ Cherry Yoma Car Dealer – A (230) မြန်မာ့ဂုဏ်ရောင်လမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်နဲ့ Suzuki Cherry Yoma – ရန်ကုန် ပြည်လမ်းမကြီး၊ တိုက်ကြီးမြို့ ဆည်မြောင်းရုံးရှေ့ (ဖုန်း 09 – 899442323 01 – 430487, 209448) ဖြစ်ပါတယ်။

ရွှေကဆုန်ယန္တရား သယ်ယူပို့ဆောင်ရေးကုမ္ပဏီကလည်း (6ဘီး, 10ဘီး, 12ဘီး) ကားတွေနဲ့ (လမ်းကြေး၊ ဆီဖိုး၊ စားစရိတ်ပေးစရာမလို) ကူညီပို့ဆောင်ပေးနေပြီး ဖုန်း 09 972200345, 09 260335599 တွေကိုဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ပါတယ်။

မုဒုံရေဘေးအတွက်ကိုလည်း (မုဒုံရေဘေးကူညီရေးဖောင်ဒေးရှင်း) ဒေါက်တာ ဦးမြင့်ဦး – ၀၉ ၅၃ ၂၂၂ ၉၃နဲ့ ဒေါ်ဆုမြတ်သက်ထွန်း – ၀၉ ၉ ၇၀၀ ၄၄၂ ၇၇ တို့ထံဆက်သွယ်လှူဒါန်းနိုင်သလို တာဝန်ရှိသူတွေဆီကိုလည်း ဆက်သွယ်လှူဒါန်းနိုင်မှာဖြစ်ပါတယ်။

ဓာတ်ပုံ – နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top