ဘာစီလိုနာနဲ့ အက်သလက်တီကို ရှုံးပွဲကိုယ်စီကြုံပြီး ချန်ပီယံလိဂ်မှ ထွက်ခဲ့ရ

14.4.24-yyl-9.jpg

ပထမအကျော့မှာ နိုင်ပွဲရထားကြတဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ ဂိုးပြတ်ရှုံးပွဲ ကိုယ်စီကြုံခဲ့လို့ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပါတယ်။ ဘာစီလိုနာဟာ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမဲ့ အရူဂျိုရဲ့ တိုက်ရိုက်အနီကတ်က ပွဲကို အပြောင်းအလဲ ဖြစ်စေခဲ့ပြီး အိမ်ကွင်းမှာ 1-4 ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ဒေါ့မွန် – အက်သလက်တီကိုပွဲကတော့ သွင်းဂိုးတွေ မြိုငိဆိုင်ခဲ့ပြီး ဒေါ့မွန်က ပထမပိုင်းမှာ ၂ ဂိုးပြတ် ဦးဆောငိနေရာကနေ ဒုတိယပိုင်း မိနစ် ၂၀ အတွင်း ချေပဂိုး ၂ ဂိုး ပြန်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ပွဲချိန် ၇၁၊ ၇၄ မိနစ်တွေမှာ ဖူးခရက်၊ ဆဘစ်ဇာတို့က ဒေါ့မွန်အတွက် အနိုင်ဂိုးတွေ သွင်းခဲ့တာပါ။ ဒေါ့မွန်ကတော့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာပါ။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top