လန်ဒန်ကို လေယာဉ်စီးမယ့်အချိန်မှာ ပက်စ်ပို့မေ့ကျန်ခဲ့တဲ့ ဆန်ချို

hh3-1.jpg

ဒေါ့မွန်ကွင်းလယ်လူ ဆန်ချိုဟာ စပါးနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အတွက် လန်ဒန်မြို့ကို လေယာဉ်စီးတော့မယ့်အချိန်မှာ ပက်စ်ပို့မေ့ကျန်ခဲ့လို့ လေယာဉ်ခရီးစဉ်ကို အချိန်ကြန့်ကြာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့နံနက်က ဒေါ့မွန်လေဆိပ်ကို ရောက်ရှိလာတဲ့ ဆန်ချိုဟာ လေဆိပ်ရောက်မှ ပက်စ်ပို့မပါမှန်းသိလို့ အိမ်ကို တစ်ခေါက်ပြန်သွားပြီး ပက်စ်ပို့ယူခဲ့ရပါတယ်။

ဒေါ့မွန်အသင်းမှာ ပက်စ်ပို့မေ့ကျန်ခဲ့တာ ဆန်ချို တစ်ယောက်တည်းမဟုတ်ပါဘူး။ နောက်ခံလူ ဒိုင်ယယ်လိုလည်း ပက်စ်ပို့မပါဘဲ လေယာဉ်ကို ရောက်လာခဲ့လို့ အိမ်ပြန်ယူခဲ့ရပါတယ်။ ဆန်ချိုနဲ့ ဒိုင်ယယ်လိုတို့ ၂ ယောက်ထဲမှာ ဒိုင်ယယ်လိုက လေဆိပ်ကို နာရီဝက်စောပြီး ပြန်ရောက်ခဲ့ပါတယ်။

ဆန်ချိုကတော့ နံနက် ၁၁ နာရီ ၁၃ မိနစ်မှာ ပက်စ်ပို့ယူပြီး လေဆိပ်ကို ပြန်ရောက်လာခဲ့တာပါ။ အဲဒီအတွက် ဒေါ့မွန်အသင်း လိုက်ပါမယ့်လေယာဉ်ဟာ စီစဉ်ထားတာထက် မိနစ် ၂၀ နောက်ကျပြီးမှ လေဆိပ်ကနေ ထွက်ခွာခဲ့ရပါတယ်။ ဒေါ့မွန်ဟာ စပါးနဲ့ ကစားရမယ့်ပွဲစဉ်မှာ မာကိုရူးစ်၊ အယ်လ်ကာဆာ၊ ဝီဂယ်၊ ပစ်ဇက် စတဲ့ အဓိကကစားသမား ၄ ယောက်ကို ဒဏ်ရာပြဿနာတွေကြောင့် ဆုံးရှုံးထားရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top