စျေးကွက်ရှေ့ဆောင်နည်းပညာ အမှတ်တံဆိပ်တစ်ခု ဖြစ်သည့် vivo သည် များစွာသော ကောင်းမွန်သည့်မျှော်လင့်မှုများဖြင့် V29 5G စမတ်ဖုန်းကို ‘Delightful Night’ အမည်ဖြင့် ယနေ့တွင် LC International Hotel တွင် ဂုဏ်ယူစွာဖြင့် မိတ်ဆက်ခဲ့ပြီး မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့သည်။ V29 5G ကို မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး ဆန်းသစ်တီထွင်မှု၊ ခေတ်မီဒီဇိုင်းနှင့် နည်းပညာမြင့် ကင်မရာလုပ်ဆောင်ချက်များကြောင့် ကျော်ကြားသည့် V Series ၏ အရည်အသွေးများကို ဆက်လက်ထိမ်းသိမ်းထား ရှိနိုင်ပြီဖြစ်သည်။
V29 5G သည် ပါးလွှာမှုအတွက် စံသစ်တစ်ခုသတ်မှတ်ထားပြီး 120 Hz 3D Curved Screen ဖြင့် စမတ်ဖုန်းဒီဇိုင်းကို သာမာန်ထက်ပိုမိုကောင်းမွန်သော ဒီဇိုင်းအဖြစ် ဖန်တီးတီထွင်ထားသည်။ V27 5G ၏ အောင်မြင်မှုအပေါ်အခြေခံကာ ဓာတ်ပုံရိုက်နိုင်မှုစွမ်းရည်များတွင် ထူးထူးခြားခြား မြှင့်တင်မှုများနှင့်အတူ ပြောင်မြောက်ပြီး ခေတ်မီလှပသော ဒီဇိုင်းပါရှိသည်။ အဓိကလုပ်ဆောင်ချက်များအဖြစ် Smart Aura Light Portrait၊ Supermoon Mode၊ Food Mode နှင့် 50 MP AF Group Selfie ကင်မရာတို့ ပါဝင်ပါသည်။
vivo ၏ CEO Mr. Nelson Ni ၊ vivo မှ တာဝန်ရှိသူများ၊ Brand Ambassador များဖြစ်ကြသော နော်ဖောအယ်လ်ထားနှင့် နန်းစန္ဒာလှထွန်း၊ Alice Ong၊ ကျော်ထက်ဇော်၊ အောင်ရဲထိုက်၊ ဟိဏ်းသစ်၊ Amera Hpone၊ ဝင်းခန့်မိုး၊ သံသာညီ၊ စုလှိုင်၊ Jewel နှင့် သရုပ်ဆောင်၊ မော်ဒယ်များနှင့် influencer ၂၀ ကျော်တို့သည် V Series ၏ မျိုးဆက်သစ် မွေးဖွားခြင်းကို မျက်မြင်သက်သေအဖြစ် လာရောက်တွေ့ဆုံကြည့်ရှုခဲ့ကြသည်။
vivo ၏ မြန်မာနိုင်ငံတွင် ရပ်တည်လာမှုနှင့် ပတ်သက်၍ Mr. Nelson Ni ဆက်လက်၍ “vivo ဟာ မြန်မာနိုင်ငံဈေးကွက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲရာမှာ ကိုးနှစ်ကျော်ရှိပြီဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ဟာ အရောင်းပြခန်း ၁၀ ခုကျော် နဲ့ သုံးစွဲသူဝန်ဆောင်မှုစင်တာ ၁၅ ခုကျော်နဲ့အတူ ခိုင်မာတဲ့ ဝန်ဆောင်မှုကွန်ရက်တစ်ခုကို ထူထောင်ထားပါတယ်။ ထူးခြားကောင်းမွန်တဲ့ ထုတ်ကုန်တွေ ပေးအပ်ဖို့ ကတိကဝတ်ပြုထားတာကြောင့် vivo ဟာ သုံးစွဲသူတွေအကြား ချစ်ခင်ရတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲပါတယ်။ယနေ့မှာ ကျွန်တော်တို့ ခရီးရဲ့ ခြေလှမ်းသစ်ဖြစ်တဲ့ V29 5G ကို မိတ်ဆက်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၉ ဂဏန်းဟာ ကံကောင်းခြင်းမင်္ဂလာဟု ယူဆပါတယ်။ ကံကောင်းစေမယ့် V29 5G နဲ့ကျွန်တော်တို့ရဲ့နောက်ထပ်ခရီးကို အတူတူစတင်လိုက်ပါစို့” ဟု ၎င်း၏ အတွေးအမြင်များကို မျှဝေခဲ့သည်။
မိတ်ဆက်ပွဲအခမ်းအနားမှာ vivo Myanmar ရဲ့ Product Manager ကိုကောင်းထက်မိုး၊ မီဒီယာကိုယ်စားလှယ်တော်များဖြစ်ကြသော Technity မှ ကို John Smith နှင့် MMTR မှ ကိုအောင်ကျော်သူ နှင့် Brand Ambassadors များ၊ နာမည်ကျော် ဓာတ်ပုံဆရာ ကိုအောင်ကျော်ထွန်း ၊ တို့နှင့်အတူ အစီစဉ်တင်ဆက်သူ Teresa Khine တို့မှ ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေခဲ့ပြီး V29 5G သည် ၎င်းတို့ စိတ်ကြိုက်လုပ်ဆောင်ချက်များပါဝင်ပြီး စွဲမက်ဖွယ်ရာ အရောင်များ ပါရှိကြောင်း ချီးကျူးပြောဆိုခဲ့ကြသည်။
ဆန်းသစ်တီထွင်မှု၊ နှစ်သက်ဖွယ်ဒီဇိုင်းနှင့် နည်းပညာကျွမ်းကျင်သော သုံးစွဲသူများအတွက် တောက်ပသော အနာဂတ်ကို ယူဆောင်လာမည့် V29 5G ကို စျေးနှုန်း ၁,၃၉၉,၈၀၀ ကျပ်ဖြင့် အောက်တိုဘာလ (၂) ရက်နေ့မှ (၇) ရက်နေ့အထိ ကြိုတင်မှာယူနိုင်ပြီး Bluetooth Speaker များကို လက်ဆောင်အဖြစ် ရယူနိုင်ပြီဖြစ်သည်။ V29 သည် စိတ်လှုပ်ရှားဖွယ်ရာ အရောင်နှစ်မျိုးဖြစ်သည့် Peak blue နှင့် Noble Black တို့ဖြစ်သည်။ နောက်ထပ်အချက်အလက်များအတွက် https://www.vivo.com/en/about-vivo/news တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
Team (ရိုးရာလေး)