၃ မိနစ်ပဲ ကြာမြင့်ခဲ့တဲ့ အိမ်ထောင်ရေး

2.10.23-yyl-4.jpg

ဒီဖြစ်ရပ်ကို ကမ္ဘာပေါ်မှာ အချိန်အတိုတောင်းဆုံး တရားဝင် အိမ်ထောင်ကွဲမှုအဖြစ် မှတ်တမ်းတင်ထားပါတယ်။ ကူဝိတ်နိုင်ငံက စုံတွဲတစ်တွဲဟာ လက်ထပ်ပြီး ၃ မိနစ်အကြာမှာပဲ တရားသူကြီးရှေ့မှာ ကွာရှင်းပြတ်စဲခဲ့ကြတာပါ။

လက်ထပ်ပွဲအပြီး တရားရုံးထဲကနေ ပြန်မထွက်ရသေးခင်မှာပဲ သတို့သမီးက ခလုပ်တိုက်ပြီး ချော်လဲကျသွားခဲ့ပါတယ်။ ဒီအချိန်မှာ သတို့သားက ဆွဲထူပေးခြင်းမရှိဘဲ ” နမော်နမဲ့နိုင်လိုက်တဲ့ ငတုံးမ”လို့ ပြောခဲ့တာကြောင့် သတို့သမီးက စိတ်ဆိုးသွားပြီး (လက်ထပ်ပေးခဲ့တဲ့ တရားသူကြီးဆီသွားကာ) ကွာရှင်းပြတ်စဲခွင့် တောင်းခဲ့တာပါ။

Ref: Couple got divorced just three minutes

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top