realme က စက်တင်ဘာလ Real Hope အစီအစဥ်အနေဖြင့် မလွန်စျေးဆန်လှူအသင်း၊ ဧမာနွေလမိဘမဲ့ဂေဟာ၊ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းနှင့် ရန်ကုန်ဆေးရုံကြီး (ပင်မဆောင်) ဆေးကုသမှုခံယူနေသူများအတွက် နေ့လယ်စာတို့ကို အပတ်စဥ်အလိုက် ပေးအပ်လှူဒါန်းခဲ့

2.10.23-yyl-9.jpg

realme က ကာလဒါနလှူဒါန်းမှုအနေဖြင့်ရော လိုအပ်သည့်နေရာများအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်ပါဝင် ဖြည့်ကူလှူဒါန်းမှုအနေဖြင့်ပါ Real Hope အစီအစဥ်ကိုဆက်လက်ဖော်ဆောင်နေခြင်းဖြစ်ပြီး စက်တင်ဘာလ အတွင်း အပတ်စဥ်အလိုက်လှူဒါန်းမှုအဖြစ် နေရာ ၄ နေရာကို realme ၏ အမာခံ Fan များ၊ Media များနှင့် အတူစုပေါင်းသွားရောက်ကာ လှူဒါန်းပေးခဲ့သည်။

စက်တင်ဘာလ ပထမအပတ်တွင် စမ်းချောင်းမြို့နယ်၊ ပြည်လမ်း၊ မဟာြမိုင်မှတ်တိုင်အနီးမှာရှိသည့် မလွန်စျေးဆန်လှူအသင်းကြီး (ရန်ကုန်အသင်းချုပ်) သို့ ငွေကျပ်(၁၀)သိန်းဖိုးရှိ ဆွမ်းဆန်တော်များကို သံဃာတော်များအားရည်စူးလှူဒါန်းခဲ့သည်။

“မလွန်စျေးဆန်လှူအသင်းကြီးတည်ထောင်လုပ်ဆောင်ခဲ့တာ အခုဆိုရင် ၁၂၇နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ၁၈၉၆ ခုနှစ်လောက်ကတည်းကစခဲ့တာပေါ့။ မြန်မာသက္ကရာဇ်နဲ့ဆိုရင် ၁၂၅၈ ခုနှစ်ဖြစ်မှာပေါ့။ ဒီအသင်းတော်ကြီး စဖြစ်တည်လာတာကိုပြောရရင် ၁၂၄၇ခုနှစ်မှာ သီပေါမင်းနန်းရပ်စွန့်ခွာရပြီး ပါတော်မူတဲ့အထိ စစ်ကိုင်း တောင်ရိုး၊ မင်းဝံတောင်ရိုး၊ မင်းကွန်းတောင်ရိုးမှာရှိတဲ့ ရဟန်း၊ သာမဏေ၊ သူတော်၊ သီလရှင်တို့အတွက် ဆွမ်းဆန်တော် ‘ဝတ်’ ပျက်ကွက်ခဲ့တာ ၁၁ နှစ်ကာလအထိရှိခဲ့တာက စတယ်လို့ဆိုရမယ်။ အဲ့လို ၁၁ နှစ်ကြာ ပြီးလို့ ၁၂၅၈ အရောက်မှာ မန္တလေးမြို့၊ မလွန်စျေးဟောင်းရပ်မှ ပြဿဒ်ဒါယကာကြီး ဦးကျောက်ခဲအမှူးပြုတဲ့ မလွန်စျေးရပ်က ဘိုးဘိုးတို့က ဒီဆွမ်းဆန်တော်အလှူပွဲကို ဆင်နွှဲဆက်ခံပြီး တောင်ရိုးကြီး (၃) ရပ်မှာရှိတဲ့ သံဃာတော်တို့နဲ့တကွ သူတော်၊ သီလရှင်တို့ကို ဆွမ်းဆန်တော်များ နှစ်စဥ်မပျက်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ နေရာတွေတိုးချဲ့ကာ နောက်ဆုံး ပုသိမ်ကြီးမြို့နယ် အပါအဝင် မန္တလေး (၇) မြို့နယ်အထိ လှူဒါန်းနိုင်ခဲ့ကြပါတယ်။ ၁၃၈၄ခုနှစ် (၁၂၆) နှစ်မြောက်အရောက်မှာ အလှူခံပုဂ္ဂိုလ်ပေါင်း (၆၄၉၄၆) ပါးနဲ့ ဘွဲ့ပေါင်း (၃၇၄၀) ဘွဲ့အတွက်ကိုလည်း လှူဒါန်းပြီးမြောက်ခဲ့တာြဖစ်ပါတယ်။ ဒါဟာ ရပ်ဝေး၊ ရပ်နီး၊ ပြည်တွင်း၊ ပြည်ပက အလှူရှင်အပေါင်းတို့ရဲ့စုပေါင်းဒါနဖြစ်လို့ တကယ်ကို ဝမ်းမြောက်ပီတိ သာဓု ခေါ်စရာပဲဖြစ်ပါတယ်” ဟု ရန်ကုန်အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပြောဆိုခဲ့သည်။

ဒုတိယပတ်စုပေါင်းလှူဒါန်းမှုအဖြစ် “မေတ္တာတွေလည်းတူတူပေးမယ်၊ လိုအပ်ချက်များလည်းဖြည့်ကူပေး မယ်” ဆိုတဲ့ခေါင်းစဥ်လေးနှင့်အတူ လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်မှာတည်ရှိတဲ့ ဧမာနွေလမိဘမဲ့ ဂေဟာလေးကို သွားရောက်ပြီး သားသားမီးမီးများအတွက် အစားအသောက်၊ အဝတ်အထည်နှင့် အထွေထွေ အသုံးပြုနိုင်စေရန် ငွေ ၁၀ သိန်းကျပ်ကို ကူညီထောက်ပံ့လှူဒါန်းပေးခဲ့ပါသည်။

ဧမာနွေလမိဘမဲ့ဂေဟာ၏ ဂေဟာမှူးဖြစ်သူက “ကျွန်တော်တို့အနေနဲ့ ဒီဂေဟာလေးကို စတင်ထည်ထောင်ပြီး ခိုကိုးရာမဲ့ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်လာခဲ့တာ ၂၀၀၆ ခုနှစ်ကတည်းကပဲဖြစ်ပါတယ်။ ဒီလိုမိဘ မဲ့ဂေဟာတို့ရဲ့ထုံးစံအတိုင်း အခက်အခဲတွေက အများကြီးရှိခဲ့ပါတယ်။ အခုလက်ရှိမှာ ကလေးသူငယ်ပေါင်း ၅၀ ကျော်ရှိပြီး အားဖြည့်လုပ်ကိုင်နေတဲ့ဝန်ထမ်းတွေ၊ ကူညီပေးသူတွေနဲ့ဆိုရင် ၇၅ ယောက်လောက်ရှိပါ တယ်။ ကျောင်းနေအရွယ်တွေအတွက် ကျောင်းထားပေးရတာတွေရှိသလို နေထိုင်ရေးအတွက် အဆောက် အဦးလိုအပ်ချက်တွေလည်းရှိနေပါတယ်။

အစစအရာရာ စျေးတွေမြင့်တက်လာတဲ့အချက်ကလည်း နေ့စဥ် စားရေးသောက်ရေးတွေအတွက်ပါ ခက်ခဲမှုတွေရှိနေပါတယ်။ ကျွန်တော်တို့ ဂေဟာက ရန်ကုန်မြို့နဲ့ မနီးမ ဝေးလိုနေရာမှာရှိနေတော့ တချို့အခြေအနေတွေမှာ အလှူရှင်နည်းပါးမှုတွေကြုံရတာများပါတယ်။ ကလေး အငယ်လေးတွေအတွက်ဆိုရင်လည်း အဝတ်အထည်လေးတွေလိုပါတယ်။ အပိုအလျှံလေးများရှိရင်လည်း သစ်ဖို့မလိုပါဘူး၊ နည်းနည်းကောင်းတယ် ဝတ်လို့ရတယ်ဆိုရင် ကျွန်တော်တို့ဆီလှူဒါန်းပေးကြဖို့ အကူအညီ တောင်းပါတယ်” ဟု ရှင်းပြသည်။

စက်တင်ဘာလအတွက် တတိယမြောက်လှူဒါန်းမှုအဖြစ် ရန်ကုန်တစ်ဖက်ကမ်း၊ တွံတေးမြို့နယ်၊ ဘုရားကြီး ကျေးရွာမှာတည်ရှိသည့် ဘုရားကြီးမင်္ဂလာတိုက်ကျောင်း၊ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းသို့ သွား ရောက်ပြီး နာယကဆရာတော် ဦးပညာနန္ဒထံသို့ အစားအသောက်များ၊ ပညာရေးအသုံးအဆောင်များနှင့် အဝတ်အထည်များအတွက် အထွေထွေသုံးစွဲငွေ ၁၀ သိန်းကျပ်ကို ပေးအပ်လှူဒါန်းပေးခဲ့သည်။

မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းနှင့်ပတ်သက်၍ နယကဆရာတော် ဦးပညာနန္ဒက “ဒီ ကျောင်းကြီးစ တင်ပေါ်ပေါက်ခဲ့တာက ဘုရာကြီးမင်္ဂလာတိုက်ကျောင်းရဲ့မူလဆရာတော်ကြီးဖြစ်တဲ့ ဦးစန္ဒိမာရဲ့အားထုတ်မှုပဲ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကနေပြီးတော့ ပညာရေးနဲ့ပတ်သက်ပြီး လက်လှမ်းမမီကြတဲ့ ခိုကိုးရာမဲ့ ဆင်းရဲနွမ်း ပါတဲ့ကလေးငယ်တွေ ပညာသင်ကြားခွင့်ရစေဖို့အတွက် ရွည်ရွယ်တည်ထောင်ခဲ့တာပါ။ ဦးဇင်းအနေနဲ့က ဆရာတော်ကြီးရဲ့အမွေကို လက်လွှဲတာဝန်ယူပြီးတော့ ကလေးငယ်တွေရဲ့ဘဝကို ဆက်လက်ပြုစုပျိုးထောင် ပေးနေတာဖြစ်ပါတယ်။

ဦးဇင်းလက်ထက်မှာ အများကြီးတော့ကြိုးစားရတယ်။ အခက်အခဲတွေလည်းအများ ကြီးပါပဲ။ ရင်ခွင့်မဲ့ ဘဝရောက်ရတဲ့မွေးကင်းစကလေးငယ် ၂၂ ဦးအတွက် နားခိုးရာဂေဟာလေးတစ်ခုကို ၂၀၁၈ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့တယ်။ ဆက်လက်ပြီးလည်း ရင်ခွင့်မဲ့ကလေးငယ်တွေနဲ့ အနီးအနားကျေးရွာ တွေက ကလေးငယ်တွ မူကြိုကျောင်းတက်နိုင်ဖို့ မူကြိုကျောင်းနဲ့ လိုအပ်တဲ့ထရန်စဖော်မာစတာတွေကို လည်း တပ်ဆင်ဆောက်လုပ်နေပါတယ်။ အခုဆိုရင် ဂေဟာရဲ့သက်တမ်းက ၂၄နှစ်ရှိပါပြီ။

ကျောင်းသူ၊ ကျောင်းသား ၂၀၀ ကျော်ကိုလည်း ဒီမှာပဲကျောင်းထားပေးထားပါတယ်။ အပြင်ပန်းကကြည့်ရင် ဘုရားကြီး မင်္ဂလာတိုက်ကျောင်းက ကျယ်ဝန်းတယ်၊ ဝင့်ထည်တယ်လို့မြင်နိုင်ပေမယ့် ဒီကလေးတွေ၊ ဝန်ထမ်းတွေအ တွက်လည်ပတ်စရိတ်က တစ်လကို သိန်း ၂၀၀ ဝန်းကျင်အထိရှိပါတယ်။ တစ်နေ့ကျွေးမွေးစရိတ်တင် ၅ သိန်း ကနေ ၇ သိန်းအထိရှိတယ်လေ။ ဦးဇင်းကလည်း ပရဟိဟဦးဇင်းဖြစ်လာဖို့ အကြောင်းတွေဖန်ခဲ့ပုံပါပဲ။ ဦးဇင်း က စာဝါတတ်တဲ့ဘုန်းကြီးမဟုတ်ပါဘူး။ ခဏဆိုပြီး ၉ရက်လောက် သင်္ကန်းလာစီးတာကနေ အခုထိပဲ ဦးဇင်း ဆက်ဝတ်ဖြစ်နေတာ။ ဦးဇင်းရဲ့ဆရာတော်ကြီး ဦးစန္ဒိမာက မိဘမဲ့ဘဝကနေပဲလာတာ။ ဒါကြောင့်လည်း ဒီလို ပရဟိတဂေဟာကို မေတ္တာရှေ့ထားပြီး တည်ထောင်ခဲ့တာပဲ။ ဦးဇင်းကလည်း မိဘမဲ့ဘဝကနေပဲ လူဖြစ်လာ တာ။ ဒါကြောင့် ဘဝမှာ အကြောင့်အမျိုးမျိုးကြောင့် မိမဲ၊ ဖမဲ၊ ခိုကိုးရာမဲ့ဖြစ်လာကြတဲ့ကလေးသူငယ်တွေရဲ့ ဘဝကို ကိုယ်သက်ရှိသ၍ ဆရာသမားရဲ့အမွေကိုလည်း လက်ဆင့်ကမ်းပြီး ဆက်ထမ်းမယ်ဆိုတဲ့စိတ်နဲ့လုပ် လာခဲ့တာပါ။ ဦးဇင်းမှာလည်း ဆုံးရှုံးနစ်နာမှုတွေအများကြီးရှိခဲ့ပါတယ်။ ဘဝဆိုတာ ရပ်နေလို့မှမရတာ။ ပြန် ထ၊ ပြန်လုပ်၊ ပြန်ကြိုစားရတာပေါ့။ သူတို့လေးတွေရဲ့ဘဝတွေအများကြီးရှိသေးတယ်လေ။ ကြွေးတွေရှိ လည်းဒီလိုပဲ ချေးငှားပြီးတော့ပဲ လုပ်နေရတာပါ။ တကယ်တော့ ဦးဇင်းမှာ ဘားမှကို မရှိတာ။ သရဏဂုံ ၃ပါး ကျေးဇူးနဲ့ပဲ ရှေ့ဆက်လာခဲ့တာ အခုချိန်ထိပဲလို့ပြောရမယ်။ အလှူ့ရှင်အလှူ့မတွေရဲ့ ကျေးဇူးနဲ့ အခက်အခဲတွေ ကြားထဲကပဲ ခရီးဆက်နိုင်ခဲ့တာပါ။ ဦးဇင်းအသက်ဆက်နေသ၍တော့ ဒီပရဟိတလုပ်ငန်းတွေကို ရသမျှဆက် ထမ်းသွားဦးမှာပါ။ အနာဂတ်အတွက်လည်း ကြိုတင်စီစဥ်နိုင်သမျှကိုပါ ကြိုတင်စီစဥ်သွားမှာပါ” ဟု မိန့်ခဲ့သည်။

စက်တင်ဘာလ၏ လေးပတ်မြောက် နောက်ဆုံးပိတ်လှူဒါန်းမှုအဖြစ် ရန်ကုန် အထွေထွေပြည်သူ့ဆေးရုံကြီး (ပင်မဆောင်) တွင် ဆေးကုသမှုခံယူနေသော လူနာများအတွက် ငွေ ၁၀ သိန်းကျပ်တန်ဖိုးရှိ တန်ဖိုးသင့် နေ့လယ်စာကို realme အားပေးသူအမာခံ Fan များနှင့်အတူတူ သွားရောက်လှူဒါန်းပေးခဲ့သည်။

“အကြောင်းအမျိုးမျိုးကြောင့် ရက်ရှည်၊ ရက်တို ဆေးကုသမှုခံယူနေကြတဲ့လူနာတွေအတွက် အခုလိုနေ့လယ် စာကို ကိုယ်တိုင်ကိုယ်ကျလှူဒါန်းခွင့်ရလို့ များစွာဝမ်းသာပီတိဖြစ်ရပါတယ်။ ရာနဲ့ချီတဲ့လူနာတွေအတွက်က တစ်နပ်စာလေးဖြစ်နေပေမယ့် ရက်ရှည်တွေဖြတ်သန်းကုသရနေရလို့ တန်ဖိုးထားပြီး အလှူခံကြတာတွေ့ရ တော့ ပိုပြီးလို့တောင် ရင်ထဲမကောင်းဖြစ်ရပါတယ်။ အားလုံးကလည်း အလှူရှင်တွေအတွက် ဆုတောင်းစ ကားလေးတွေ ပြောပေးကြတာကိုပါ ကိုယ်တိုင်ကြုံခဲ့ရပါတယ်။ အခုလို တကယ်ကိုလိုအပ်နေတဲ့နေရာမျိုး တွေမှာ ကိုယ်တတ်နိုင်သလောက်လေးလှူဒါန်းပေးနေတာကိုက ပိုမိုအဓိပ္ပာယ်ရှိတယ်လို့လည်း ခံစားရပါ တယ်။ နောက်ဆိုရင်လည်း အခုလိုမျိုးအလှူလေးတွေကို ပူးပေါင်းပြီး လှူဒါန်းသွားနိုင်စေဖို့ realme ကိုပါ ဆုမွန်ကောင်းတောင်းပေးပါတယ်” ဟု realme အမာခံ Fan တချို့က ၄င်းတို့၏ခံစားချက်များကို ဝေမျှပြော ဆိုသွားခဲ့ကြသည်။

realme အနေဖြင့် အောက်တိုဘာလတွင်လည်း အခြားသော လိုအပ်သည့်နေရာများသို့ အလှည့်ကျသွားရောက်ကာ စုပေါင်းလှူဒါန်းမှုများကို လုပ်ဆောင်သွားဦးမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top