၂၀၂၀ ခုနှစ်အတွင်း Rakuten Viber သည် ၄င်း၏ လုပ်ဆောင်ချက်များအား အာရှပစိဖိတ်ဒေသများ၌ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့

APAC-2020.jpg

အခမဲ့ အလွယ်တကူ ဆက်သွယ်မှုများ ပြုလုပ်နိုင်သည့် ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းဖြစ်သော Rakuten Viber သည် COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုများကြောင့် ပြည်သူများအချင်းချင်းဆက်သွယ်ပြောမှုပုံစံ ပြောင်းလဲလာပုံပေါ်အခြေခံ၍ အက်ပလီကေးရှင်းအတွင်း ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်နိုင်ခဲ့ကာ ၂၀၂၀ ခုနှစ်အတွင်း အာရှပစိဖိတ်ဒေသများ၌ အက်ပလီကေးရှင်းသုံးစွဲမှု တိုးမြင့်လာခြင်းကို မှတ်တမ်းတင်နိုင်ခဲ့သည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ၌ အာရှပစိဖိတ်ဒေသများအတွင်း အက်ပလီကေးရှင်း အသုံးပြုသူသည် ၄၂၁% အထိ တိုးမြင့်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် Viber သည် မက်ဆေ့ချ်ပေးပို့မှုအားဖြင့် ၅၀၉% နှင့် Groups များသို့ မက်ဆေ့ချ်ပေးပို့မှုအားဖြင့်လည်း တစ်ရှိန်ထိုး တိုးမြင့်လာခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။ Viber ၏ Community ဆိုင်ရာ လုပ်ဆောင်ချက်သည်လည်း Community များသို့ မက်ဆေ့ချ်ပေးပို့မှုအနေဖြင့် အားရဖွယ်ရာ တိုးတက်ခဲ့သည်။ အဆိုပါ ၂၀၂၀ ခုနှစ်၏ တိုးတက်မှုနှုန်းများသည် ၂၀၁၉ ခုနှစ်၏ အချက်အလက်များပေါ်၌ အခြေခံထားခြင်းဖြစ်သည်။

အာရှပစိဖိတ်ဒေသတွင်းရှိ စျေးကွက်တစ်ခုဖြစ်သော မြန်မာနိုင်ငံ၌ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း သိသာထင်ရှားသော တိုးတက်မှုနှုန်းများကို မြင်တွေ့ရပြီး ၄င်းတို့သည် Viber အား ၄င်း၏ ၁၀ နှစ်တာကာလအတွင်း အမြင့်မားဆုံးသော နေရာတစ်ခုရောက်ရှိစေရန် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

Viber သည် လုံခြုံစိတ်ချရသော လုပ်ဆောင်ချက်များ ပေးအပ်နိုင်မှုကြောင့် မြန်မာနိုင်ငံရှိ အသုံးပြုသူများ၏ ယုံကြည်မှုကို ဆက်လက်ရရှိခဲ့သည်။ Viber အသုံးပြုသူ အချက်အလက် ကိန်းဂဏန်းများအပေါ် အခြေခံ၍ မြန်မာနိုင်ငံရှိ အသုံးပြုသူများသည် Viber Community များအသုံးပြုမှု ပိုမိုများပြားလာပြီး Community သို့ ဝင်ရောက်ကြည့်ရှုသူအားဖြင့် ၁၉၅%၊ Community တွင်း၌ မက်ဆေ့ချ်ပေးပို့သူအားဖြင့် ၈၈% တိုးတက်လာခဲ့သည်။ Viber Group များသို့ မက်ဆေ့ချ်ပေးပို့မှုအနေဖြင့်လည်း ၃၂% တိုးတက်လာခဲ့သည်။ Viber သည် ဆက်သွယ်ပြောဆိုရာ၌ ပိုမိုသက်ဝင်မှုရှိစေရန် ဆန်းသစ်ထားသော လုပ်ဆောင်ချက်များစွာကို ထည့်သွင်းမိတ်ဆက်ခဲ့ပြီး အကျိုးဆက်အနေဖြင့် Chat တွင် ဆက်သွယ်ပြောဆိုမှု ၁၂၇% တိုးတက်ခဲ့သည်။

Viber သည် အသုံးပြုသူများအတွက် ထိပ်တန်းဝန်ဆောင်မှုများပေးအပ်ပြီး အကောင်းဆုံးသော အသုံးပြုမှုအတွေ့အကြုံများ ခံစားရရှိစေရန်အတွက် မိမိအသုံးပြုသည့် စက်ပစ္စည်းများအားလုံး၌ လုပ်ဆောင်မှုစာရင်းများ၊ မီဒီယာများကို တစ်ပြိုင်တည်း အသုံးပြုနိုင်စေမည့် My Notes၊ ဖုန်း Contact အတွင်း ထည့်သွင်းထားသူများ၏ အထူးနေ့ရက်များကို အချက်ပေးနိုင်မည့် Birthday Reminders၊ ကြာရှည်သိမ်းဆည်းမထားလိုသော စာတိုပေးပို့မှုများအတွက် အချိန်တစ်ခုသတ်မှတ်၍ ဖျောက်ဖျက်ပေးနိုင်မည့် Disappearing Messages၊ အသုံးပြုသူများ၏ တီထွင်ဆန်းသစ်နိုင်မှုကို ဖော်ထုတ်ပြသပေးနိုင်မည့် GIF Creator အစရှိသည့် လုပ်‌ဆောင်ချက်အသစ်များအား ၂၀၂၀ ခုနှစ်တွင် ထည့်သွင်းပေးခဲ့သည်။

ပြည်သူများ၏ အွန်လိုင်းမှ ပြောဆိုဆက်သွယ်မှုများကို အားပေးသည့် COVID-19 ကပ်ရောဂါအား တုန့်ပြန်ချက်အနေဖြင့် Viber သည် ယမန်နှစ်တွင် အဖွဲ့လိုက် အသံဖြင့် ဖုန်းခေါ်ဆိုခြင်း (Audio Call) ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်း (Video Call) များကို အယောက် ၂၀ အထိ တစ်ပြိုင်နက်တည်း အတူတကွခေါ်ဆိုနိုင်စေရန် တိုးမြှင့်ပေးခဲ့သည်။ ထို့အပြင် အက်ပလီကေးရှင်းသည် COVID-19 နှင့် ပတ်သက်သော သတင်းအချင်းအလက်များအား အသုံးပြုသူများထံ ရောက်ရှိစေနိုင်သည့် အဓိကမိတ်ဖက်ဝန်ဆောင်မှုတစ်ခုလည်း ဖြစ်လာခဲ့သည်။

ကမ္ဘာ့ကုလသမ္မဂ ကျန်းမာရေးအဖွဲ့အစည်း WHO သည် ပြည်သူများ၏ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေဆိုရန်အတွက် Viber chatbot ကိုလဲ မိတ်ဆက်ခဲ့သည်။ မြန်မာ့ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန MOHS မှ နိုင်ငံတွင်း အရေးပါသည့် နောက်ဆုံးရသတင်းအချက်အလက်များကို အွန်လိုင်းမှထိထိရောက်ရောက် ဝေမျှနိုင်ရန်အတွက် ၄င်း၏ ကိုယ်ပိုင် Viber Community ကိုလည်း လုပ်ဆောင်ခဲ့သည်။

အသုံးပြုသူများကို ဗဟိုပြု၍ အက်ပလီကေးရှင်းအတွင်း လုံခြုံမှုကိုကာကွယ်ရန်ဟူသည့် ရည်မှန်းချက်ကို ဆက်လက်ထိန်းသိမ်းသည့်အနေနှင့် ၂၀၂၀ ခုနှစ်တွင် Viber သည် အသုံးပြုသူများ၏အချက်အလက်များကို အမြတ်အစွန်းအတွက် လွဲမှားစွာရယူအသုံးပြုနေသည့် Facebook နှင့် စီးပွားရေးလုပ်ဆောင်ချက်များ ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။ လုံခြုံရေးကို ဦးစားပေးသည့် အက်ပလီကေးရှင်းတစ်ခုဖြစ်သည့်အလျောက် Facebook လူမှုကွန်ရက်ပေါ်ရှိ ကြော်ငြာအသုံးစရိတ်များအား ရပ်တန့်ခြင်း၊ Facebook Connect နှင့် GIPHY လုပ်ဆောင်ချက်များအား အက်ပလီကေးရှင်းအတွင်းမှ ဖယ်ရှားခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံတွင် Viber သည်အသုံးပြုသူများမှ zero data charges ဖြင့် Viber လုပ်ဆောင်ချက်များအသုံးပြုနိုင်စေရန်အတွက် MyTel နှင့် MPT တို့ဖြင့်လည်း မိတ်ဖက်ပူးပေါင်းခဲ့သည်။ ထို့အပြင် လူမှုဝန်းကျင်အား အထောက်အပံ့ပြုနိုင်စေရန်အတွက် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် KoeKoeTech နှင့်ပူးပေါင်း၍ Viber bot ဖန်တီးခြင်း၊ မိခင်လောင်းများအား ၄င်းတို့၏ဘ၀အဆင်ပြေချောမွေ့စေရန် ကူညီပေးနေသည့်အဖွဲ့အစည်းနှင့် ပူးပေါင်း၍ ကိုယ်၀န်ဆောင်နှင့် ကလေးငယ်ကျန်းမာရေး အက်ပလီကေးရှင်း MayMay bot ဖန်တီးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ Viber သည် ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း မိမိကံကြမ္မာကို စစ်ဆေးနိုင်သော Horoscope chatbot နှင့် sticker pack များကိုလည်း မိတ်ဆက်ခဲ့သည်။ မြန်မာနိုင်ငံရှိအသုံးပြုသူများ ပိုမိုအဆင်ပြေနိုင်စေရန်အတွက် ဇော်ဂျီဖောင့်နှင့် ယူနီကုတ်ဖောင့်ကို အလိုအလျောက်အပြန်အလှန် ကူးပြောင်းပေးနိုင်သော Auto-Burmese Converter ကိုလည်း လုပ်ဆောင်ခဲ့သည်။

Rakuten Viber သည် ၂၀၂၀ ခုနှစ်တွင် ၁၀ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး စာတိုပို့ဆောင်ရေးပလက်ဖောင်းအဖြစ်မှ အလုံးစုံအသုံးပြုနိုင်သော အက်ပလီကေးရှင်းတစ်ခုအဖြစ် တိုးမြှင့်ပြောင်းလဲရန်အတွက် လုပ်ဆောင်မှုအသစ်များဖြစ်သည့် ကုန်ပစ္စည်းနှင့် ဝန်‌ဆောင်မှုများဝယ်ယူခြင်း၊ ငွေပေးချေမှုမျာ လက်ခံခြင်းတို့ကို အက်ပလီကေးရှင်းအတွင်း တိုက်ရိုက်လုပ်ဆောင်နိုင်စေမည့် Chatbot တွင် ငွေပေးချေခြင်းလုပ်ဆောင်ချက်ကို ပထမဦးစွာ စတင်မိတ်ဆက်ခဲ့သည်။

ပြီးမြောက်ခဲ့သော ဆယ်စုနှစ်အတွင်း အသုံးပြုသူများ အဆင်ပြေသက်သာစေရေးသည် Rakuten Viber ၏ ဦးစားပေးဖြစ်သည့်နည်းတူ ၄င်းအားဆက်လက်ထိန်းသိမ်းသွားရန်အတွက် အသုံးပြုသူများ၏ အချက်အလက်များလုံခြုံစိတ်ချရမည်ဟူသည့် ကတိက၀တ်ကို လျော့ပါးမှုမရှိစေပဲ တစ်မှုထူးခြားသော လုပ်ဆောင်ချက်အသစ်များကို ဖန်တီးထည့်သွင်းလုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top