အဓိကဆုပေးပွဲကြီး ၃ ပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရရှိခဲ့ပြီး အသက်အငယ်ဆုံးအမျိုးသားသရုပ်ဆောင်ဖြစ်လာတဲ့ အိုဝမ် ကူးပါး

young.jpg

ဆယ်ကျော်သက်ကြယ်ပွင့် အိုဝမ် ကူးပါးဟာ Netflix စီးရီး Adolescence မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်နဲ့ Golden Globe ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ အသက် ၁၆ နှစ်ရှိပြီဖြစ်တဲ့ အိုဝမ်က The Golden Globe ဆုပေးပွဲမှာ တီဗီစီးရီးအမျိုးအစားရဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရရှိခဲ့တာပါ။

သူဟာ အခုဆို ဒီဆုအမျိုးအစားနဲ့ Golden Globe ဆုကို ရရှိတဲ့ အသက်အငယ်ဆုံးသရုပ်ဆောင်ဖြစ်လာခဲ့ပါတယ်။ သူဟာ Golden Globe၊ Emmy၊ Critics’ Choice Award ဆုပေးပွဲတွေမှာ ဆုဆက်တိုက်ရရှိခဲ့တဲ့ အသက်အငယ်ဆုံးအမျိုးသားသရုပ်ဆောင်လည်းဖြစ်လာခဲ့ပါတယ်။

အခုလအစောပိုင်းမှာ အိုဝမ်က Critics’ Choice Award ဆုပေးပွဲမှာ Adolescence စီးရီးနဲ့ပဲ Limited Series or Movie Made for Television ဆုအမျိုးအစားမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရရှိခဲ့တာပါ။ Emmy ဆုကိုတော့ ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တာဖြစ်ပါတယ်။

အပိုင်း ၄ ပိုင်းပါ Netflix စီးရီး Adolescence မှာ အိုဝမ်ဟာ လူသတ်မှုနဲ့ ဖမ်းဆီးခံရတဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသားလေး Jamie Miller အဖြစ် သရုပ်ဆောင်ထားပါတယ်။

Ref: Adolescence Star Owen Cooper Becomes Youngest Actor Ever To Win Golden Globe, Emmy, Critics Choice Awards

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top