ဖိလစ်ပိုင်နိုင်ငံမှာ မီးတောင်ပေါက်ကွဲနေပေမယ့်လည်း လက်ထပ်ပွဲကျင်းပနိုင်ခဲ့တဲ့ စုံတွဲ

yyl-029-7.jpg

ဇန်နဝါရီ (၁၂) ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အနီးနားမှာ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှုက ကောင်းကင်မှာ မီးခိုးငွေ့ကြီးကြီးမားမားဖြစ်သွားခဲ့ပြီး မီးတောင်အနီးနားမှာ နေထိုင်သူထောင်ပေါင်းများစွာက သူတို့နေအိမ်ကနေ ရှောင်တိမ်ခဲ့ရပါတယ်။ မီးတောင်ပေါက်ကွဲတဲ့ပုံတွေက လူအများရဲ့အာရုံစိုက်မှုကို ခံခဲ့ရပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

အဲဒီပုံတွေထဲမှာမှ မီးတောင်ပေါက်ကွဲမှုကို နောက်ခံထားပြီး လက်ထပ်ခဲ့တဲ့ စုံတွဲပုံလည်းပါဝင်ခဲ့ပါတယ်။ အဲဒီပုံကလည်း လူအများရဲ့အာရုံကို ဖမ်းစားထားနိုင်ခဲ့တယ်လို့ ပြောရမှာပါပဲ။ ချီနို နဲ့ ကတ် ဗာဖလော် ဆိုတဲ့စုံတွဲက မီးတောင်ပေါက်ကွဲနေတဲ့နေရာနဲ့ (၁၀) ကီလိုမီတာအကွာမှာ မင်္ဂလာပွဲကျင်းပနေခဲ့တာပါ။မီးတောင်ပေါက်ကွဲနေတဲ့ နောက်ခံမြင်ကွင်းနဲ့ သူတို့ရဲ့အမိုက်စားမင်္ဂလာပွဲဓာတ်ပုံကို ဓာတ်ပုံဆရာ Randolf Evan က ရိုက်ကူးပေးခဲ့ပါတယ်။

မင်္ဂလာသတို့သားနဲ့သတို့သမီးတို့က မီးတောင်ပေါက်ကွဲမှု သတိပေးချက်တွေကို သိမြင်ခဲ့ရပါတယ်။ သူတို့က မီးတောင်ပေါက်ကွဲမှုနဲ့ ပတ်သက်တဲ့ သတင်းတွေကို လူမှုကွန်ယက်အကောင့်မှာ ကြည့်နေရင်းနဲ့ အရမ်းစိုးရိမ်ပူပန်ခဲ့ရပါတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဆိုးဆုံးတွေရောက်လာတဲ့ အချိန်မှာလည်း သူတို့လုပ်သင့်တာကို လုပ်မယ်လို့ သူတို့အချင်းချင်း တိုင်ပင်ခဲ့တဲ့အတွက် မင်္ဂလာပွဲပြီးကို ဆက်လက်ကျင်းပ သွားခဲ့ပါတယ်။

မင်္ဂလာပွဲက လူတိုင်းကလည်း မင်္ဂလာစုံတွဲက လုပ်မယ်လို့ပြောခဲ့တဲ့အတွက် စိတ်တည်တည်ငြိမ်ငြိမ်နဲ့ နေပေးခဲ့တယ်လို့ ဓာတ်ပုံဆရာက ပြောပါတယ်။ နောက်ဆုံးမှာတော့ အခိုးအငွ့ပြာတွေဟာ ပိုများများလာတဲ့အခါမှသာ မင်္ဂလာအခမ်းအနားကို ရပ်နားခဲ့ကြပါတယ်။ မင်္ဂလာပွဲပြီးမှ ပွဲကျင်းပတဲ့နေရာ Savanna Farm Tagaytay by Solangeက မီးတောင်ပေါက်ကွဲမှု နောက်ခံထားပြီး ရိုက်ခဲ့တဲ့ သူတို့ရဲ့ပုံတွေကို လူမှုကွန်ယက်အကောင့်မှာ တင်ရင်းနဲ့ လူအများသိသွားခဲ့တာဖြစ်ပါတယ်။

Ref: A couple got married in the Philippines while a volcano erupted in the background

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top