ကိုယ်ဝန်ဖျက်ချမှုပိတ်ပင်တာ အခြေခံဥပဒေနဲ့ မညီဘူးလို့ တောင်ကိုရီးယားအခြေခံဥပဒေတရားရုံး ဆုံးဖြတ်

56702377_2324918784205695_8557925394743820288_n.jpg

ကိုယ်ဝန်ဖျက်ချမှု ပိတ်ပင်တာက အခြေခံဥပဒေနဲ့ မညီဘူးလို့ တောင်ကိုရီးယားနိုင်ငံ အခြေခံဥပဒေတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအတွက် ၂၀၂၀ ပြည့်နှစ်အကုန် နောက်ဆုံးထားပြီး ကိုယ်ဝန်ဖျက်ချခွင့် ပိတ်ပင်ထားတဲ့ဥပဒေကို ပြင်ဆင်ရမယ်လို့ အခြေခံဥပဒေတရားရုံးက ပြောပါတယ်။

၁၉၅၃ ခုနှစ်က ချမှတ်ခဲ့တဲ့ပိတ်ပင်မှုအရ အဓမ္မကျင့်မှုနဲ့ အသက်အန ္တရာယ်ရှိတဲ့အခြေအနေကလွဲပြီး ကိုယ်ဝန်ဖျက်ချတဲ့အမျိုးသမီးတွေကို ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ်ခွင့်ရှိပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယားနိုင်ငံမှာ သဘောထားအမြင်ကောက်ခံမှုအရ ကိုယ်ဝန်ဖျက်ချမှုပိတ်ပင်ထားတာကို ဖျက်သိမ်းပေးဖို့လိုလားသူ (၅၈) ရာခိုင်နှုန်း ရှိပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှုကို တင်းတင်းကြပ်ကြပ်ကန့်သတ်ထားတဲ့ဥပဒေရှိပေမဲ့ ပြီးခဲ့တဲ့နှစ်စစ်တမ်းအရ ကိုယ်ဝန်ဆောင်ဖူးတဲ့ အမျိုးသမီး (၅) ယောက်မှာ တစ်ယောက်က ကိုယ်ဝန်ဖျက်ချကြတယ်လို့ ဖော်ပြထားပါတယ်။ ကိုယ်ဝန်ဖျက်ချခွင့်ပိတ်ပင်တာဟာ အမျိုးသမီးတွေကို အန္တရာယ်ဖြစ်စေပြီး သူတို့ရဲ့ အခွင့်အရေးတွေကို ကန့်သတ်ရာရောက်တယ်လို့ အမျိုးသမီးဆရာဝန်တစ်ယောက်က ဥပဒေကြောင်းအရ ရင်ဆိုင်ခဲ့ပြီးနောက်မှာ အခြေခံဥပဒေတရားရုံးက အဲဒီဥပဒေကို ပြန်သုံးသပ်ခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top