ဖြစ်နိုင်ခြေကို လွန်ဆန်ပြီး ရှင်သန်ခဲ့တဲ့ အမြွှာပူးလေး ဆေးရုံဆင်းခွင့်ရပြီ

25.9.23-yyl-1.jpg

Cleveland Clinic in Ohio, US hold adorable graduation for babies Kimyah and DJ on their discharge from the clinic. Photo released September 17 2023. See SWNS story SWMRtwins. An adorable 'graduation' was held when a pair of premature twins born at just 22 weeks beat the odds - and got to go home. Babies Kimyah and DJ were given as little as a 10% chance of survival when they entered the world last October. The siblings - the smallest nurses have ever seen - could fit in mum Kimberly Thomas' hands.

ကိုယ်ဝန်ဆောင်ချိန် ၂၂ ပတ်အကြာမှာ မွေးဖွားလာခဲ့ပြီး ဖြစ်နိုင်ခြေကို လွန်ဆန်ကာ ရှင်သန်ခဲ့တဲ့ အမြွှာပူးလေးဟာ ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါပြီ။ ကင်ယာနဲ့ ဒီဂျေတို့ဟာ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးမြို့ ကလိဗ်လန်းဆေးရုံမှာ မွေးဖွားခဲ့ကြတာဖြစ်ပြီး သူတို့အမေရဲ့ လက်ဖဝါးတစ်ဖက်စာလောက်ပဲရှိတဲ့အထိ အလွန်သေးငယ်ပါတယ်။ အသေးဆုံး ဒိုက်ပါက သူတို့ထက် ကြီးနေပါသေးတယ်။ ကလေးငယ်တွေရဲ့ အရေပြားတွေက အထိမခံနိုင်တဲ့ အနေအထားဖြစ်လို့ မွေးပြီးပြီးချင်း တစ်လမှာ မိဘတွေကို ကလေးချီခွင့် မပေးခဲ့ပါဘူး။

ဆရာဝန်တွေက အမြွှာပူးလေးတွေ အသက်ရှင်နိုင်ခြေ ၁၀ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ သူတို့ကို အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးခဲ့ရတာပါ။ အထူးကြပ်မတ်ကုသဆောင်မှာ ဒီဂျေက အဆုတ်အလုပ်လုပ်မှု ရပ်တန့်သွားခဲ့ပြီး ကင်ယာကလည်း ဦးနှောက်သွေးယိုစိမ့်ခဲ့ပါတယ်။ ကလေးငယ်တွေဟာ အထူးကြပ်မတ်ကုသဆောင်မှာ ၄ လဝန်းကျင် နေခဲ့ရတာပါ။

Kimberly with DJ and Kimyah in the clinic on Valentines Day 2023. Photo released September 17 2023. See SWNS story SWMRtwins. An adorable ‘graduation’ was held when a pair of premature twins born at just 22 weeks beat the odds – and got to go home. Babies Kimyah and DJ were given as little as a 10% chance of survival when they entered the world last October. The siblings – the smallest nurses have ever seen – could fit in mum Kimberly Thomas’ hands.

အခုချိန်မှာတော့ ကင်ယာနဲ့ ဒီဂျေဟာ ၁၁ လအရွယ် ရှိနေပြီဖြစ်ပြီး ခန္ဓာကိုယ်လည်း ကြီးထွားဖွံ့ဖြိုးလာကြပါပြီ။ သူတို့ကို ဆေးရုံဆင်းခွင့်ရတဲ့ အထိမ်းအမှတ်အဖြစ် ဘွဲ့ပေးအပ်တဲ့ အခမ်းအနား လုပ်ပေးခဲ့တာပါ။ သူတို့က ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးခြင်း ရှိ၊ မရှိ ဆိုတာကိုတော့ နှစ်အနည်းငယ်ကြာ စောင့်ကြည့်ရဦးမယ်လို့ ကလိဗ်လန်းဆေးရုံမှ ဆရာဝန် ဒေါက်တာဖရေဆာက ဆိုပါတယ်။

Ref: Adorable ‘Graduation’ Held for 22-Week Preemie Twins Who Beat the Odds to Go Home

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top