အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီးနောက် အဖုံးဖွင့်ထားတဲ့ အခေါင်းနားကပ်ပြီး အချိန်ကြာရှည်စွာ မနေကြဖို့ ဂျပန်နိုင်ငံမှာ သတိပေးထား

25.9.23-yyl-7.jpg

ဂျပန်မှာ အလောင်းတွေ မပုပ်သိုးအောင် ရေခဲခြောက်ကို အသုံးပြုလေ့ရှိတယ်။ အဲဒီရေခဲခြောက်ကနေ ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေ ရှူသွင်းမိပြီး ဂျပန်မှာ အနည်းဆုံး လူ ၄ ယောက် သေဆုံးခဲ့တယ်။ အဲဒီနောက်မှာတော့ အဖုံးဖွင့်ထားတဲ့ အခေါင်းတွေနား သိပ်မကပ်ကြဖို့ အစိုးရဌာနတွေက သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

သေဆုံးသူတွေဟာ အသက် ၄၀ နှစ် ကနေ ၇၀ နှစ် ကြားအရွယ်ရှိပြီး သေဆုံးသူ (သူတို့ဆွေမျိုးသားချင်း)တွေရဲ့ အခေါင်းနားမှာ အချိန်ကြာမြင့်စွာ ရပ်နေခဲ့ကြတာလို့ Yomiuri Shimbun သတင်းစာက ဖော်ပြပါတယ်။ အခုသေဆုံးခဲ့သူတွေဟာ ၂၀၁၈ ခုနှစ်၊ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

ရေခဲခြောက်ဆိုတာ ကာဗွန်ဒိုင်အောက်ဆိုက်ကို ခဲထားတာပါ။ CO2 ဟာ ပုံမှန်အားဖြင့် အရောင်အဆင်းမရှိ၊ အနံ့မရှိပါဘူး။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းကို ရှူသွင်းမိရင် ခေါင်းကိုက်တာ၊ မူးဝေတာ စတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပြီး ၁၀ ရာခိုင်နှုန်းအထိ ရှူသွင်းမိရင်တော့ အမြင်အာရုံ ချို့တဲ့တာ၊ အကြားအာရုံ ထိခိုက်စေကာ တစ်မိနစ်အတွင်း သေဆုံးစေနိုင်ပါတယ်။

ဒါကြောင့် နာရေး လိုက်ပါပို့ဆောင်သူတွေအနေနဲ့ အဖုံးဖွင့်ထားတဲ့ အခေါင်းနားကို ကပ်ပြီး အချိန်ကြာရှည်စွာ မနေကြဖို့ သတိပေးထားပါတယ်။

Ref: Don’t stay too long near open caskets: 4 in Japan die after inhaling carbon dioxide from dry ice in coffins

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top