King Kong ဇာတ်ကားနဲ့ ပရိသတ်တွေ သိကြတဲ့ အသက် ၅၁ နှစ်အရွယ် မင်းသား အတ်ဒရီယန် ဘရိုဒီက မတ်လ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ အော်စကာဆုပေးပွဲမှာ ဒုတိယမြောက်အော်စကာဆုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
သူဟာ ရွှေ့ပြောင်းဗိသုကာပညာရှင်အဖြစ် ပါဝင်ထားတဲ့ The Brutalist ဇာတ်ကားနဲ့ အကောင်းဆုံးမင်းသားဆုကို ဆွတ်ခူးသွားခဲ့တာပါ။ သူက အသက် ၂၉ နှစ်အရွယ်တုန်းကလည်း The Pianist ဇာတ်ကားနဲ့ အော်စကာဆုကို ဆွတ်ခူးခဲ့ပါသေးတယ်။ အဲ့ဒီတုန်းက သူဟာ အော်စကာဆုကို ရရှိတဲ့ အသက်အငယ်ဆုံးအကောင်းဆုံးမင်းသားဆုရှင်ဖြစ်ခဲ့ပါတယ်။
အတ်ဒရီယန်က ဒန်နီယယ် ဒေး လူးဝစ်၊ တွမ်ဟန့်ခ်တို့နဲ့အတူ ဆန်ကာတင်စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။
Ref: Adrien Brody wins best actor for The Brutalist, his second Oscar
WL (ရိုးရာလေး)