aespa အဆိုအဖွဲ့ဝင် ကာရီနာနဲ့ မင်းသား လီဂျယ်ဝုတို့ လူသိရှင်ကြားကြေညာပြီး ၅ ပတ်အကြာမှာ လမ်းခွဲ

2.4.24-yyl-1.jpg

မင်းသား လီဂျယ်ဝုနဲ့ aespa အဆိုအဖွဲ့ဝင် ကာရီနာတို့ဟာ လမ်းခွဲလိုက်ကြပါပြီ။ ကာရီနာနဲ့ လီဂျယ်ဝုတို့ဟာ သူတို့တွေ တွဲနေကြောင်း လူသိရှင်ကြားကြေညာခဲ့ပြီးတဲ့နောက် ၅ ပတ်အကြာမှာ သူတို့ရဲ့ဆက်ဆံရေးကို အဆုံးသတ်လိုက်ပြီလို့ ဧပြီ ၂ ရက်နေ့မှာ TenAsia သတင်းဌာနက ထုတ်ပြန်ခဲ့တာပါ။

ဒီသတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မင်းသားလီဂျယ်ဝုရဲ့ အေဂျင်စီ C-JeS က “လီဂျယ်ဝုက လက်ရှိ သူ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲအပေါ် အာရုံစိုက်ချင်တာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူတို့နှစ်ဦးဟာ အချင်းချင်းပံ့ပိုးအားပေးမယ့် လုပ်ဖော်ကိုင်ဖက်တွေအဖြစ် ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တယ်။ ရှေ့လျှောက် သူတို့ရဲ့သက်ဆိုင်ရာနယ်ပယ်ကနေ ပရိသတ်တွေကို တွေ့ဆုံမိတ်ဆက်သွားမှာပါ။ ကျေးဇူးပြုပြီး အားပေးပံ့ပိုးပေးကြပါ”လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

လီဂျယ်ဝုနဲ့ ကာရီနာတို့ဟာ ဖေဖော်ဝါရီလမှာ သူတို့ရဲ့ဆက်ဆံရေးကို အတည်ပြုခဲ့တာပါ။

ဆက်စပ်သတင်းဖတ်ရှုရန် – ချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့ မင်းသား လီဂျယ်ဝု နဲ့ aespa အဆိုအဖွဲ့ဝင် ကာရီနာ
https://yoyarlay.com/lee-jae-wook-and-aespas-karina…/

Ref: aespa’s Karina And Lee Jae Wook Confirm Breakup

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top