ဗင်းနစ်ရုပ်ရှင်ပွဲတော်အတွင်း အဖမ်းခံခဲ့ရတဲ့ စပိန်မင်းသား‌ချော

5.9.23-yyl-4.jpg

မြန်မာပရိသတ်တွေကြား ရေပန်စားခဲ့တဲ့ My Fault ရိုမန့်ဇာတ်ကားမှာ နစ်ခ်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား ဂါဘရီရယ် ဂွေဗားရားဟာ ပြင်သစ်မှာဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုစွပ်စွဲချက်နဲ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အသက် ၂၂ နှစ်အရွယ် ဂါဘရီရယ်က ဆုတစ်ခု လက်မခံခင် ရက်မှာပဲ ရုပ်ရှင်ပွဲတော်အတွင်း အီတလီအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြတာပါ။

ဒီသတင်းကို စက်တင်ဘာ ၄ ရက်နေ့မှာ ထုတ်ဖော်ခဲ့တဲ့ Variety သတင်းဌာနက လိင်ပိုင်းဆိုင်စော်ကားမှုနဲ့ ပတ်သက်တဲ့၊ ဖမ်းဆီးခံရတဲ့အသေးစိတ်အချက်အလက်တွေကို ထုတ်ပြောထားခြင်းမရှိပါဘူး။ သူ့ကို ဖမ်းဝရမ်းထုတ်ခဲ့တာပါ။ လက်ရှိမှာတော့ သူ့ကို အီတလီပြည်နယ်ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး လွှဲပြောင်းရေးလုပ်ငန်းစဉ်တွေ မစတင်ခင် ဒီအမှုကို အယူခံတရားရုံးက ဆုံးဖြတ်သွားမှာပါ။
ဂါဘရီရယ်က Filming Italy က ပေးအပ်တဲ့ အကောင်းဆုံးလူငယ်သရုပ်ဆောင်ဂုဏ်ပြုဆုကို လက်ခံရယူဖို့ လုပ်ထားခဲ့တာပါ။ ဖမ်းဆီးခံရခြင်းရဲ့အကျိုးဆက်တွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီဆုချီးမြှင့်တာကို Filming Italy က ဖျက်သိမ်းလိုက်ပါပြီ။

မင်းသား ဂါဘရီရယ် ဂွေဗားရားဟာ My Fault (Culpa Mia) မှာ ပါဝင်ခဲ့ပြီးတော့ မြန်မာမိန်းကလေးပရိသတ်တွေရဲ့နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့တာပါ။

Ref: Spanish actor Gabriel Guevara arrested at Venice Film Festival over alleged sexual assault in France

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top