ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မက်ခရွန် အနိုင်ရ

25-4-2022-yyl-03.jpg

မဲရလဒ်တွေနဲ့ မဲရုံအထွက် စစ်တမ်းတွေအရ ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မက်ခရွန်က ၅၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဒုတိယသက်တမ်းအတွက် ရွေးကောက်ခံရပြီလို့ သိရပါတယ်။ သမ္မတရွေးကောက်ပွဲ ဒုတိယအဆင့်မှာ မက်ခရွန်နဲ့အပြိုင် ရွေးကောက်ခံခဲ့တဲ့ လက်ယာစွန်းရောက် ကိုယ်စားလှယ် လီပန်ကတော့ မဲရလဒ် ၄၂ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဥရောပကောင်စီ ဥက္ကဋ္ဌ ချားစ်မိုက်ကယ်နဲ့ ဥရောပကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒါလီယန်တို့က မက်ခရွန်အတွက် ဂုဏ်ပြုခဲ့ကြပါတယ်။ ပထမအဆင့် ရွေးကောက်ပွဲမတိုင်ခင် ၈ ရက်အလိုအထိ မဲဆွယ်စည်းရုံးရေးမဆင်းခဲ့တဲ့ မက်ခရွန်ဟာ မောက်မာထောင်လွှားတယ်ဆိုတဲ့ ဝေဖန်မှုတွေ ကြုံခဲ့ပေမဲ့ သမိုင်းဝင်အောင်ပွဲ ရရှိခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ပြင်သစ်နိုင်ငံမှာ သမ္မတတစ်ယောက်ကို ဒုတိယသက်တမ်း ရွေးကောက်တင်မြှောက်ခြင်း မရှိခဲ့ဖူးသလို လွှတ်တော်မှာ အမတ်နေရာအများစု ရရှိထားတဲ့ပါတီကိုယ်စားပြု သမ္မတတစ်ဦး ထပ်မံရွေးကောက်ခံရတာမျိုးလည်း မရှိခဲ့ဖူးပါဘူး။

လီပန်ကတော့ သူ့အတွက် မဲပေးခဲ့သူတွေကို ကျေးဇူးတင်စကားဆိုခဲ့ပြီး လာမယ့်ဇွန်လမှာ ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေမှာ အကြိတ်အနယ် ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။

Ref: BBC “Live Reporting”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top