ပူပြင်းတဲ့နွေရာသီနဲ့ သတိပြုဖွယ်ရာ ဝမ်းပျက်ဝမ်းလျောရောဂါ

319733.jpg

မြန်မာပြည်မှာ ရာသီဥတု (၃)မျိးရှိတဲ့အနက် နွေရာသီကိုချဉ်နင်း ဝင်ရောက်လာပြီး ရာသီဥတုပူပြင်းလာတာနဲ့အမျှ ရေရှားပါးခြင်း ဆိုတဲ့ အခက်အခဲတွေကိုလည်း မြန်မာပြည်အနှံ့အပြားမှာ ကြုံတွေ့လာရပါတယ်။

ရေရှားပါးလာလေ လူတွေက တွေ့ရာ ကြုံရာရေတွေကို အဆင်ပြေသလို သောက်သုံးကြလေမို့ နောက်ဆက်တွဲအဖြစ် ဝမ်းပျက်ဝမ်းလျောရောဂါတွေ ဖြစ်ပွားလာနိုင်ပါတယ်။

ရေရှားပါးလာလေ လူတွေက တွေ့ရာ ကြုံရာရေတွေကို အဆင်ပြေသလို သောက်သုံးကြလေမို့ နောက်ဆက်တွဲအဖြစ် ဝမ်းပျက်ဝမ်းလျောရောဂါတွေ ဖြစ်ပွားလာနိုင်ပါတယ်

ဝမ်းပျက်ဝမ်းလျောရောဂါဟာ ကုသဖို့ လွယ်ကူသလို တခြားတစ်ဘက်မှာလည်း ကလေးငယ်တွေ အသက် (၅)နှစ်ပြည့်မွေးနေ့ကိုတောင်မဆင်နွဲနိုင်ပဲ လူ့လောကကြီးထဲက အလွယ်တကူ ဆွဲခေါ်သွားနိုင်တဲ့ ရောဂါဆိုးတစ်ခု ဖြစ်နေပြန်ပါတယ်။ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းတွေကတော့ သောက်သုံးရေမသန့်ရှင်းခြင်း၊ အစားအစာတွေကို သန့်ရှင်းအောင် ချက်ပြုတ်စားသောက်မှုမရှိခြင်း၊ ယင်လုံအိမ်သာ စနစ်တကျဆောက်လုပ်သုံးစွဲမှုမရှိခြင်းနဲ့ လက်ကိုဆပ်ပြာနဲ့ စနစ်တကျ ဆေးကြောမှုမရှိခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

ဝမ်းရောဂါကိုအကြမ်းဖျဉ်းအားဖြင့် ဝမ်းပျက်ဝမ်းလျောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ကာလဝမ်း(ကူးစက်မြန် ပြင်းထန် အရည်ဓာတ်ဆုံးရှုံးစေတတ်သော ဝမ်းရောဂါ) ဆိုပြီး ခွဲခြားထားပါတယ်။ ကလေးငယ်တွေရော လူကြီးတွေမှာပါ အဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျောရောဂါရဲ့ လက္ခဏာတွေကတော့ တစ်နေ့ (၃) ကြိမ် နဲ့အထက် ဝမ်းပျော့ပျော့နဲ့ အရည်ဝမ်းသွားတာ၊ ဝမ်းဗိုက်နာကျင်တာ၊ ဗိုက်ရစ်ပြီးနာတာ၊ ဖျားနာတာနဲ့ အရည်ဓာတ်ဆုံးရှုံးုတာ တို့ဖြစ်ပါတယ်။

ဒီလိုလက္ခဏာတွေကြုံတွေ့နေရပြီဆို ဝမ်းပျက်ဝမ်းလျောရောဂါ ကူးစက်ဖြစ်ပွားနေပြီဖြစ်ပါတယ်။ တကယ်တော့ ဝမ်းပျက်တယ်ဆိုတာဟာ လူ (သို့) တိရစ္ဆာန် ရဲ့ မစင်အညစ်အကြေးထဲက ဝမ်းရောဂါပိုး လူတွေရဲ့ ပါးစပ်ထဲကို တစ်နည်းနည်းနဲ့ ဝင်ရောက်သွားလို့ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်မှာ တစ်ယောက်ယောက် ဝမ်းရောဂါ ဖြစ်နေပြီဆိုရင် ရေကို သန့်ရှင်းအောင် ကြိုချက်သန့်စင်ပြီးသောက်သုံးကြဖို့၊ လက်ကိုဆပ်ပြာနဲ့ဆေးကြဖို့ သတိပေးလိုပါတယ်။

ဝမ်းပျက်ဝမ်းလျောဖြစ်ပြီဆိုရင် မပေါ့ဆပဲ ဆေးရုံဆေးခန်းကို အလျင်အမြန် သွားရောက်ကုသ စေလိုပါတယ်။ တစ်ချိန်တည်းမှာပဲ အရည်ဓာတ်ဆုံးရှုံးတာကို ပြန် ဖြည့်တင်းဖို့အတွက် ဓာတ်ဆားရည် ကိုသောက်သုံးပေးဖို့လည်း တိုက်တွန်းပါရစေ။ ဓာတ်ဆားသောက်တဲ့ နေရာမှာလည်း အရသာပါတဲ့ သီးစုံဓာတ်ဆားမျိုးတွေမဟုတ်ပဲ ORS (Oral Rehydration Salt) တစ်ထုတ်ကိုသာ ရေသန့် တစ်လီတာနဲ့ ရောစပ်ပြီး စနစ်တကျ သောက်သုံးပေးသင့်ပါတယ်။ ဓာတ်ဆားအလွယ်တကူ မရနိုင်တဲ့ နေရာမျိုးများရှိခဲ့ရင် သကြား လက်ဖက်ရည်ဇွန်း(၈) ဇွန်းကို ဆား လက်ဖက်ရည်ဇွန်း(၁) ဇွန်းနဲ့ရောစပ် ရေသန့် တစ်လီတာနဲ့ ဖျော်ပြီး အစားထိုး တိုက်လို့ရပါတယ်။သူ့ရဲ့အရသာဟာ မျက်ရည်ရဲ့ အရသာနဲ့တူပါတယ်။

ဝမ်းပျက်ဝမ်းလျောရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သောက်သုံးရေကို စနစ်တကျ ကြိုချက်သောက်သုံးခြင်း၊ အစားအစာကို သန့်သန့်ရှင်းရှင်းနဲ့ ချက်ပြုတ်ပြီးပူပူနွေးနွေးစားသောက်ခြင်း၊ ယင်လုံအိမ်သာစနစ်တကျဆောက်လုပ်သုံးစွဲခြင်း၊ အစာမစားခင်နဲ့အိမ်သာတက်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ စနစ်ကျ ဆေးကြောခြင်းတို့ပြုလုပ်ကြဖို့

ကဲ ဝမ်းပျက်ဝမ်းလျှောရောဂါက လူတိုင်းအလွယ်တကူကာကွယ်လို့ ရနိုင်ပါတယ်နော်။ အဲဒီလိုပဲ လွယ်ကူလွန်းလို့ လူတွေကမေ့လျော့နေကြတာပါ။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုထိရောက်တယ် ဆိုတာကို လူတိုင်းသိပြီးသားမို့လို့ ဝမ်းပျက်ဝမ်းလျောရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သောက်သုံးရေကို စနစ်တကျ ကြိုချက်သောက်သုံးခြင်း၊ အစားအစာကို သန့်သန့်ရှင်းရှင်းနဲ့ ချက်ပြုတ်ပြီးပူပူနွေးနွေးစားသောက်ခြင်း၊ ယင်လုံအိမ်သာစနစ်တကျဆောက်လုပ်သုံးစွဲခြင်း၊ အစာမစားခင်နဲ့အိမ်သာတက်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ စနစ်ကျ ဆေးကြောခြင်းတို့ပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Magnolia (ရိုးရာလေး)

 

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top