မိုးတွင်းကာလမှာ မှိုရောဂါတွေကို ဂရုစိုက်ကြမယ်

9-6-2-21-yl-04.jpg

ပွေး၊ ဝဲ၊ ညှင်းစတဲ့ မှိုရောဂါတွေက မိုးတွင်းကာလမှာ အဖြစ်များဆုံးအရာပါပဲ။ အရေပြားမှာဖြစ်တတ်တဲ့ အဲဒီရောဂါတွေမဖြစ်အောင် အရေပြားကို သေချာဂရုစိုက်ပေးဖို့က အရေးကြီးပါတယ်။ မိုးရာသီက စိုစွတ်တဲ့ရာသီဉတုဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်သေချာဂရုမစိုက်ရင် အရေပြားပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်။ သင့်အသားရေကို အချိန်အကြာကြီး ရေစိုအောင်မထားပါနဲ့။ ရေနွေး‌နွေးလေးနဲ့ ရေချိုးပြီး မှိုရောဂါပျောက်စေတဲ့ခရင်မ်လိမ်းပေးတာကလည်း မှိုရောဂါတွေကို ခုခံတဲ့အခါ ထိရောက်မှုရှိပါတယ်။

မိုးရာသီမှာ လူတော်တော်များများ ကြုံတွေ့ရတဲ့ပြဿနာက ခြေထောက်ယားယံပြီး ပွေး၊ ဝဲ တွေပေါက်တာဖြစ်ပါတယ်။ စိုစွတ်တဲ့အခြေအနေက မှိုနဲ့ဘတ်တီးရီးယားတွေ ပေါက်ဖွားကြီးပြင်းလာစေတဲ့အတွက် မှိုရောဂါလို အရေပြားပြဿနာတွေဖြစ်လာရတာပါ။ ဒါကြောင့် သင့်အရေပြားမှာ မှိုရောဂါတွေမဖြစ်ဖို့နဲ့ ကာကွယ်နိုင်ဖို့ အောက်မှာ နည်းလမ်းတချို့ကို ဖော်ပြပေးထားပါတယ်။

မှိုရောဂါလို အရေပြားပြဿနာကို ကာကွယ်နိုင်မယ့် နည်းလမ်းတချို့

  • အရေပြားနဲ့ အရမ်းမထိကပ်မနေစေမယ့် ချောင်ချိပြီး ပေါ့ပါးတဲ့အဝတ်အစားတွေကို ဝတ်ဆင်ပါ
  • သန့်ရှင်းပြီး ခြောက်သွေ့တဲ့အဝတ်အစားကို ဝတ်ဆင်ပါ
  • တစ်ကိုယ်ရည်သန့်စင်ရေးအလေ့အထကို ကျင့်သုံးပါ။ ရေပုံမှန်ချိုးပါ၊ လက်ဆေးပါ၊ လက်သည်းညှပ်ပါ
  • မျက်နှာသုတ်ပုဝါ၊ လက်သည်းညှပ်စတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို တခြားသူတွေနဲ့ အတူတူမသုံးပါနဲ့
  • ဖိနပ်အမြဲတမ်းစီးထားပါ။ သက်တောင့်သက်သာဖြစ်တဲ့ဖိနပ်ကို ဝတ်ဆင်ပါ
  • ယားယံတတ်ပြီး ချွေးထွက်များတတ်ရင် ချိုင်းအောက်ကို အနံ့အသက်ပျောက်ဆေးသုံးပါ

မိုးတွင်းကာလ အရေပြားပြဿနာအတွက် ကုသနည်း

  • မှိုရောဂါဖြစ်နေတဲ့ နေရာကို တစ်ချိန်လုံး သန့်ရှင်းခြောက်သွေ့အောင်ထားပါ
  • ဖြစ်တဲ့နေရာကို မှိုရောဂါပျောက်စေတဲ့၊ ဘတ်တီးရီးယားတိုက်ဖျက်ပေးတဲ့ ခရင်မ်ကို လိမ်းပေးပါ
  • မှိုရောဂါဖြစ်နေတဲ့ နေရာတစ်ဝိုက်မှာ ခြောက်သွေ့နေဖို့အတွက် အနာကျက်စေတဲ့ပေါင်ဒါမှုန့်ကို လိမ်းပေးပါ
  • နာကျင်ယားယံတာလျော့သွားဖို့အတွက် ရေအေးကပ်ပေးပါ
  • ဖြစ်တဲ့နေရာက အရေပြားမှာ လေဝင်လေထွက်ကောင်းပါစေ။ တင်းကျပ်တဲ့အဝတ်အစား၊ ပတ်တီးတို့နဲ့ အုပ်မထားပါနဲ့။

Ref: How to prevent, treat bacterial and fungal infections during the rainy season

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top