တေလာဆွစ်ဖ်ရဲ့ဂီတမှတ်တမ်းအကြောင်း စာပေဘာသာရပ်ဆိုင်ရာသင်တန်းကို ဘယ်လ်ဂျီယံတက္ကသိုလ်မှာ သင်ကြားမယ်

17.8.23-yyl-1.jpg

အဆိုတော်တေလာဆွစ်ဖ်က ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးစူပါစတားတွေထဲက တစ်ယောက်ဖြစ်ပြီး ထွက်သမျှသီချင်းတိုင်းပေါက်တဲ့ အဆိုတော်ပါပဲ။ လက်ရှိ သူ့ရဲ့ Eras ကမ္ဘာလှည့်ဖျော်ဖြေပွဲက မှတ်တမ်းများစွာကို ချိုးထားတာပါ။ ဒီကမ္ဘာလှည့်ဖျော်ဖြေပွဲရဲ့ပထမပိုင်းက လက်မှတ်ရောင်းရငွေ ဒေါ်လာ ၁ ဘီလျံရရှိမယ့် ပထမဆုံးခရီးစဉ်ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။

အခုဆို ဘယ်လ်ဂျီယံက တက္ကသိုလ်တစ်ခုဟာ တေလာရဲ့ဂီတမှတ်တမ်းတွေကို ရည်ရွယ်ထားတဲ့ စာပေဘာသာရပ်ဆိုင်ရာသင်တန်းအသစ်ကို စတင်သင်ကြားတော့မှာပါ။ ဒီသင်တန်းကတဆင့် သူ့ရဲ့ပရိသတ်တွေက တေလာရဲ့သီချင်းတွေကို ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်းခံစားခွင့်ရရှိမှာပါ။ “Literature: Taylor’s Version” ခေါင်းစဉ်နဲ့ သင်တန်းကို ဆောင်းဦးမှာ ကျောင်းသား/သူတွေ သင်ယူနိုင်မှာဖြစ်ပါတယ်။

ဒီဘာသာရပ်ဆိုင်ရာသင်တန်းကို လက်ထောက်ပါမောက္ခ အယ်လီ မက်ကော့စလန်က သင်ကြားပို့ချပေးမှာပါ။ “ဒီသင်တန်းကို တက်လို့ရလားလို့ မေးတဲ့ ကျောင်းသားတွေဆီက အီမေးလ်တွေအများကြီး တစ်ခါမှမရခဲ့ဖူးဘူး။ ကျောင်းသားမဟုတ်တဲ့သူတွေရော၊ တက္ကသိုလ်က မဟုတ်တဲ့သူတွေရောဆီကပါ”လို့ လက်ထောက်ပါမောက္ခအယ်လီက ပြောပါတယ်။

ဒီသင်တန်းက ဥရောပမှာ ပထမဆုံးသင်တန်းအမျိုးအစားဖြစ်လိမ့်မယ်လို့ အယ်လီက ယူဆထားပါတယ်။ သင်တန်းအတွက် စာရင်းပေးသွင်းတာကို တေလာဆွစ်ဖ်ရဲ့ပရိသတ်မဟုတ်တဲ့သူတွေအပါအဝင် အားလုံးအတွက် ဖွင့်ပေးထားပါတယ်။

Ref: Taylor Swift-Inspired Course To Be Taught At Belgian University

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top