(၂) နှစ်ကြာရိုက်ကူးရေးနားထားပြီးနောက် စတိုင်အသစ်နဲ့ ပြန်မြင်တွေ့ရတဲ့ မင်းသားကြီးရှရွတ်ခန်း

3-11-2020-yyl-029.jpg

ဘောလိဝုဒ်လောကရဲ့ နာမည်ကျော်မင်းသားကြီးရှရွတ်ခန်းကို ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက ပရိသတ်တွေ အပြင်မှာ မမြင်တွေ့ခဲ့ရတာကြာပါပြီ။ ရှရွတ်ခန်းက သူ့အကြောင်းကို အခြားသူတွေမသိအောင် သိုသိုသိပ်သိပ်နေတတ်တဲ့ မင်းသားတစ်လက်ပါ။ သူဟာ ဇာတ်ကားရိုက်ကူးမှုကို ခဏနားထားခဲ့တာ (၂) နှစ်ကြာသွားခဲ့ပါပြီ။ မကြာသေးခင်က ရုပ်ရှင်စတူဒီယိုကို ရှရွတ်ခန်း ဦးတည်ပြီးသွားနေတာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါပြီ။ ပရိသတ်တွေကတော့ မင်းသားကြီး ရှရွတ်ခန်း ပြန်လာပြီလို့ ပြောနေကြပါတယ်။ ရှရွတ်ခန်းကို ပရိသတ်တွေက ဆံပင်စတိုင်အသစ်နဲ့လည်း မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဆံပင်စတိုင်သစ်နဲ့ ရှရွတ်ခန်းကို ပရိသတ်တွေ မြင်တွေ့သွားခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့ပုံတွေက လူမှုကွန်ယက်မှာ ပျံ့နှံသွားခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေပြန်လည်ရိုက်ကူးနေတယ်လို့လည်း သတင်းထွက်ရှိနေပါတယ်။ ပရိသတ်တွေက ရှရွတ်ခန်းကို မွန်ဘိုင်းက Yash Raj Studio မှာ တွေ့မြင်ခဲ့ကြရတာဖြစ်ပြီး မင်းသားက အဖြူရောင်တီရှပ်၊ အနက်ရောင်ဘောင်းဘီတို့ကို ဝတ်ဆင်ထားပါတယ်။

ဆံပင်ကလည်း ရှည်နေပြီး ရှုပ်ပွနေပေမယ့် နောက်ဘက်မှာ နည်းနည်းမြှောက်စည်းထားတာကို တွေ့ရပါတယ်။ ဒီအသွင်အပြင်က Don 2 ဇာတ်ကားထဲမှ ရှရွတ်ခန်းပုံရိပ်ကို ပရိသတ်တွေ ပြန်အမှတ်ရစေခဲ့ပါတယ်။ လက်ရှိဆံပင်ရှည်စတိုင်က ရှရွတ်ခန်း ပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကားအသစ် Pathan အတွက်ဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ရှိနေပါတယ်။ ဒီစတိုင်အသစ်က ရှရွတ်ခန်းကို အရမ်းဟော့စ်ဖြစ်သွားစေခဲ့ပါတယ်။ ပရိသတ်တွေကတော့ ပုံစံအသစ်နဲ့ ရှရွတ်ခန်းကို ထပ်ပြီးမြင်တွေ့ရဖို့ မစောင့်နိုင်ဖြစ်နေကြပါပြီ။

ပရိသတ်တွေက ရှရွတ်ခန်းကို ဒီစတိုင်အသစ်နဲ့ ကြည့်ကောင်းတယ်ဆိုပြီး ပြောနေကြတဲ့အပြင် သူ့ရဲ့ပုံတွေကို Fan Club တော်တော်များများက တွစ်တာလို လူမှုကွန်ယက်မှာ မျှဝေနေကြပါတယ်။ ရှရွတ်ခန်းရဲ့ပရိသတ်တွေက သူ့ရဲ့စတိုင်ကို “Pathan look” လို့ ခေါ်နေကြပါတယ်။
“Pathan” ဇာတ်ကားသစ်ကို “WAR” ဇာတ်ကားကို ရိုက်ကူးတဲ့ ဆစ်ထာသ် အာနန် (Siddharth Anand) က ရိုက်ကူးမှာဖြစ်ပြီး YRF က ထုတ်လုပ်မှာဖြစ်ပါတယ်။ ရှရွတ်ခန်းအပြင် ဒီပီကာ ပါဒူကွန်း၊ ဂျွန် အာဘရဟမ်တို့လည်း ပါဝင်မယ်လို့ သတင်းထွက်ရှိထားပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ ရှရွတ်ခန်းရဲ့ဇာတ်ကားကတော့ ၂၀၁၈ခုနှစ်ရဲ့ “Zero” ဇာတ်ကားပါပဲ။

Ref: TOI & ZEE News
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top