မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေကို မဖြစ်မနေ ဆက်လက်ကျင်းပသွားမယ်

3-11-2020-yyl-033.jpg

ကိုဗစ်ကာလအတွင်းမှာ အခက်အခဲတွေရှိနေကြပေမယ့် နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေနဲ့ သတ်မှတ်ချက်တွေ အရ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေကို မဖြစ်မနေ ဆက်လက်ကျင်းပသွားမှာဖြစ်တယ်လို့ ဒီဇင်ဘာ ၃ ရက်က ကျင်းပတဲ့ လိဂ်ကော်မတီအစည်းအဝေးကနေ သိရပါတယ်။
အခုလိုကျင်းပရာမှာ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုအပေါ်မူတည်ပြီးတော့ MPT MNL အမှတ်ပေးဘောလုံး ပြိုင်ပွဲကို ဧပြီလကနေ စက်တင်ဘာလအထိ၊ MPT MNL – 2 အမှတ်ပေးဘောလုံးပြိုင်ပွဲကို မေလကနေ ဩဂုတ်လအထိ ကျင်းပသွားဖို့ လျာထားတယ်လို့ လိဂ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲကို ဇွန်လကနေ စက်တင်ဘာလအထိ၊ အမျိုး သမီးလိဂ်ဘောလုံးပြိုင်ပွဲကို ဧပြီလ(သို့)မေလကနေ ဇူလိုင်လအထိ ကျင်းပသွားဖို့ လျာထားသတ်မှတ်ထားပြီး ရှေ့လဆန်းမှာပြလုပ်မယ့် လိဂ်ကော်မတီအစည်းအဝေးမှာ အပြီးသတ်အတည်ပြုမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲတွေအပြင် လူငယ်ကစားသမားတွေ ဝင်ရောက်ယှဥ◌်ပြိုင်နိုင်မယ့် လူငယ်လိဂ်ပြိုင်ပွဲတစ်ရပ်ကို မဖြစ်မနေကျင်းပသွားဖို့ စီစဥ◌်ထားပေမယ့်လည်း ဘဏ္ဏာရေးအခြေအနေအရ အရင်နှစ်ကလို ယူ-၂၁ နဲ့ ယူ-၁၉ ပြိုင်ပွဲ နှစ်ရပ်စလုံးကို ကျင်းပနိုင်မှာမဟုတ်ဘဲ ယူ-၂၁ ပြိုင်ပွဲတစ်ရပ်ကိုသာ ကျင်းပသွားမှာဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ကျင်းပရာမှာ ကိုဗစ်အခြေအနေအရ နယ်တွေမှာ ကျင်းပလို့မရသေးရင် အရင်လို အိမ်ကွင်း၊ အဝေးကွင်းပုံစံနဲ့ ကျင်းပနိုင်မှာမဟုတ်ဘဲ ရန်ကုန်မြို့မှာသာ ကွင်းခွဲပြီး ကွင်းပိတ်ကျင်းပသွားရမယ့် အနေအထားရှိတယ်လို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ အသိပေးထားပါတယ်။

Photo – Myanmar National League
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top