ပလတ်စတစ် သွားပွတ်တံတွေ နေရာမှာ အစားထိုးသုံးနိုင်မယ့် ဝါးသွားပွတ်တံတွေ

7-7-2020-yyl-013.jpg

ပလတ်စတစ်ဖျော်ရည်ပိုက်တွေ ပလတ်စတစ်အိတ်တွေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြပေမဲ့ နေ့စဉ်အသုံးပြုနေရတဲ့ ပလတ်စတစ်ပစ္စည်း နောက်တစ်မျိုးဖြစ်တဲ့ သွားပွတ်တံအကြောင်း စဉ်းစားမိသူကတော့ ခရစ္စတီးနားရာမီရက်ဇ် (Christina Ramirez) ပဲဖြစ်ပါတယ်။

“ပလတ်စတစ်မှာပါတဲ့ ဓာတုပစ္စည်းတွေက ပတ်ဝန်းကျင်အတွက်ရော ခန္ဓာကိုယ်အတွက်ရော မကောင်းဘူးဆိုတာကို သိထားရင် ပလတ်စတစ်သွားပွတ်တံတွေကို ဘာလို့ပါးစပ်ထဲထည့်မှာလဲ” လို့ ဆိုလာသူက ခရစ္စတီးနား ပါ။

ခရစ္စတီးနားက စွန့်ဦးတီထွင်သူအမျိုးသမီးတစ်ဦးပါ။ သူ့ရဲ့ကုမ္ပဏီလုပ်ငန်းအသေးစားလေးဖြစ်တဲ့ Plus Ultra ကနေ၂၀၁၂ ကစပြီး ပလတ်စတစ်သွားပွတ်တံတွေအစား ဝါးသွားပွတ်တံကို အစားထိုးဖို့ လူသိများလာအောင် လုပ်မယ်ဆိုတဲ့ ဦးတည်ချက်ထားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားကမ်းခြေမှာ အစားအစာကျန်းမာရေးအဖွဲ့ဝင်အဖြစ် အလုပ်လုပ်နေစဉ် Plus Ultra ကို စပြီးတည်ထောင်ခဲ့ပါတယ်။ ပျမ်းမျှလူတစ်ယောက်ရဲ့ ဘဝသက်တမ်းမှာ သွားပွတ်တံအခု ၃၀၀ သုံးပါတယ်။ ဒါကတစ်နှစ်မှာ သွားပွတ်တံ ၄ ခုလောက်သုံးတာပါလို့ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အဖွဲ့ကပြောပါတယ်။

ပလတ်စတစ်လက်ကိုင်တွေအစား သဘာဝအတိုင်းကြီးထွားပြီး ဘက်တီးရီးယားပိုးမွှားက ဖျက်ဆီးပေးနိုင်တဲ့ ဝါးလက်ကိုင် သုံးမယ်ဆိုရင် ပတ်ဝန်းကျင်မထိခိုက်စေတဲ့နည်းလမ်းနဲ့ သမားရိုးကျဝါးသွားပွတ်တံတွေက ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို လျှော့ချရာမှာ အကူအညီဖြစ်စေပါတယ်။

၂၀၁၂ မှာ ခရစ္စတီးနား စတင်ဖန်တီးခဲ့တဲ့ Plus Ultra ဝါးသွားပွတ်တံတွေကို Amazon အပါအဝင် နိုင်ငံပေါင်း၂၂နိုင်ငံက လက်လီအရောင်းဆိုင် ၃၂၀ ကျော်မှာ ရောင်းချနေပါပြီ။ ကယ်လီဖိုးနီးယားအခြေစိုက်လုပ်ငန်းကနေ အမေရိကားမှာ ဝါးသွားပွတ်တံ ရာထောင်ချီရောင်းချနေတာဖြစ်ပါတယ်။ Plus Ultra ဝါးသွားပွတ်တံက ဝါးနဲ့ပြုလုပ်ထားတာဖြစ်လို့ recycle လုပ်လို့မရပါဘူး။

ပင်လယ်သမုဒ္ဒရာထဲမှာ ပလတ်စတစ်အရေအတွက်က ဆယ်စုနှစ်တစ်စုအတွင်းမှာ သုံးဆတက်လာမယ်လို့ မျှော်မှန်းရပါတယ်။ ပလတ်စတစ်တန်ချိန် သန်း ၁၅၀ ဝန်းကျင်က ပင်လယ်သမုဒ္ဒရာထဲ မျောနေပြီးသားပါ။ နောက်ထပ် တန်ချိန် ၈ သန်းလောက်ကလည်း ပင်လယ်သမုဒ္ဒရာထဲ နှစ်စဉ်ဝင်ရောက်လာတယ်လို့ကမ္ဘာ့စီးပွားရေးဖိုရမ်ကပြောထားပါတယ်။၂၀၅ဝ မှာတော့ ပင်လယ်သမုဒ္ဒရာထဲမှာ ငါးတွေထက် ပလတ်စတစ်တွေ ပိုပြီးရှိနေမယ်လို့ ခန့်မှန်းရပါတယ်။

ဝါးသွားပွတ်တံတွေသုံးခြင်းအားဖြင့် စွန့်ပစ်မြေဆွေးတွေနဲ့ သမုဒ္ဒရာတွေကြားဝင်ရောက်လာမယ့် ပလတ်စတစ်စွန့်ပစ်ပစ္စည်း အနိမ့်ဆုံး တန်၁၀၀၀ ကို ထိန်းသိမ်းရာရောက်မှာ ဖြစ်ပါတယ်။

Ref: money.cnn.com “After plastic straws,this entrepreneur wants plastic toothbrushes to disappear”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top