နည်းပြ ဂွာဒီယိုလာက ဂိုးသမား နျူအာကို ကွင်းလယ်မှာ ကစားခိုင်းဖို့ စိတ်အားထက်သန်ခဲ့

yyl-018-1.jpg

ဘိုင်ယန်မြူးနစ်အသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့ချိန်မှာ ဂွာဒီယိုလာက ဂိုးသမား နျူအာကို ကွင်းလယ်လူအဖြစ် ကစားခိုင်းဖို့ အမှန်တကယ် စဉ်းစားခဲ့ဖူးတယ်လို့ ဘိုင်ယန်မြူးနစ် အမှုဆောင်ချုပ် ရူမင်နစ်ဂီက ပြောပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီးအသင်းကို နည်းပြနေတဲ့ ဂွာဒီယိုလာဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ကြား ကာလအတွင်း ဘိုင်ယန်မြူးနစ်ကို နည်းပြခဲ့ပြီး ဘွန်ဒက်စ်လီဂါဖလား (၃)လုံး ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ နျူအာက ရှေ့တက်ဖို့ အရမ်းစိတ်အားထက်သန်တဲ့ ဂိုးသမားတစ်ယောက်ဖြစ်လို့ ”ခံစစ်ကူကွင်းလယ်လူ-ဂိုးသမား”လို့ ချစ်စနိုးခေါ်ဝေါ်ခံရသူပါ။

”နျူအာက ဂိုးသမားတစ်ယောက်အဖြစ်နဲ့ ဘောလုံးသမားအနုပညာကို ဖန်တီးခဲ့ပြီး ဂိုးသမားနေရာကို တော်လှန်ပြောင်းလဲခဲ့သူပါ။ ဂွာဒီယိုလာက ဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးဖို့ သေချာသွားချိန်မှာ နျူအာကို ပွဲစဉ်တစ်ပွဲအတွက် ကွင်းလယ်လူအဖြစ် ကစားခိုင်းဖို့ စဉ်းစားခဲ့တာ ကျွန်တော် မှတ်မိပါသေးတယ်။ ဂွာဒီယိုလာကို အဲဒီလိုမလုပ်ဖို့ ဖျောင်းဖျရတာ တော်တော်ခက်ပါတယ်။ ကျွန်တော်တို့ထဲမှာ တချို့ကတော့ ဒီလိုလုပ်တာ မောက်မာရိုင်းပျရာရောက်တယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ နျူအာက ကွင်းလယ်မှာ ကစားရင်လည်း ကောင်းကောင်းခြေစွမ်းပြနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”လို့ ရူမင်နစ်ဂီက ဆိုပါတယ်။ ၂၀၁၁ ခုနှစ်နွေရာသီမှာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လာတဲ့ နျူအာဟာ ဘိုင်ယန်အတွက် (၃၆၅)ပွဲ ကစားချိန်မှာ ပွဲ(၂၆၀)အထိ ပေးဂိုးမရှိ ကစားနိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top