အာဆင်နယ်အသင်း နိုင်ပွဲရတိုင်း သစ်ပင် ၃၀၀၀ စိုက်ပျိုးမယ့် ဘယ်လာရင်

5-6-2020-yyl-024.jpg

မန်စီးတီးနဲ့ပွဲစဉ်ကစပြီး ဒီရာသီအကုန်အထိ အာဆင်နယ်အသင်း ကစားရမယ့်ပွဲစဉ်တွေမှာ နိုင်ပွဲတစ်ပွဲရတိုင်း သစ်ပင် ၃၀၀၀ စိုက်ပျိုးသွားမယ်လို့ အာဆင်နယ်နောက်ခံလူ ဘယ်လာရင်က ကတိပြုခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်ဖြစ်တဲ့ ဘယ်လာရင်ဟာ ကမ္ဘာလုံးဆိုင်ရာ ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ One Tree Planted နဲ့ လက်တွဲဆောင်ရွက်နေသူပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၁၀၂ ရက်ကြာ ရပ်နားထားရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဒီနေ့ ပြန်လည်စတင်မှာဖြစ်ပြီး ဇွန်လ ၁၈ ရက် မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၄၅ မိနစ်မှာတော့ မန်စီးတီးနဲ့ အာဆင်နယ်ပွဲစဉ် ကစားမှာပါ။ အာဆင်နယ်အသင်းဟာ အဲဒီပွဲစဉ် အပါအဝင် ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲ ကစားဖို့ရှိနေပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် နိုင်ပွဲတွေ ရရှိဖို့ လိုအပ်နေပါတယ်။

” ကလေးဘဝတုန်းက ဘာစီလိုနာမှာ ကြီးပြင်းလာခဲ့တာပါ။ အဘိုးနဲ့အတူ သူ့ဥယျာဉ်ထဲမှာ သစ်ပင်စိုက်တယ်။ တောအုပ်ထဲမှာ ကစားတယ်။ အဲဒီတော့ သစ်ပင်စိုက်ပျိုးတဲ့ကိစ္စက ကျွန်တော့်နှလုံးသားနဲ့ အရမ်းနီးပါတယ်”လို့ ဘယ်လာရင်က ပြောပါတယ်။ သိပ်မကြာသေးခင် ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ရပ်အရ ကမ္ဘာပေါ်မှာ တစ်နာရီတိုင်း သစ်တောဧက ၄၅၀၀ ခုတ်ထွင်ရှင်းလင်းခံနေရလို့ သားရဲတိရစ္ဆာန်တွေ၊ ဂေဟစနစ်တွေနဲ့ ရာသီဥတု ဖြစ်စဉ်တွေကို ကပ်ဘေးကျရောက်နိုင်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top