နယူးကာဆယ်အသင်း အနိုင်ဂိုးသွင်းချိန်မှာ ပရိသတ်တစ်ယောက် ငယ်ပါ ဝှေ့ယမ်းပြီး အောင်ပွဲခံ

yyl-017-1.jpg

အောက်စဖို့ဒ်ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲမှာ နယူးကာဆယ်အသင်း အချိန်ပိုဂိုး သွင်းယူခဲ့ပြီးနောက် အပျော်လွန်သွားတဲ့ ပရိသတ်တစ်ယောက်က ဘောင်းဘီဇစ်ဖြုတ်ပြီး ငယ်ပါကို ဝှေ့ယမ်းရင်း အောင်ပွဲခံခဲ့ပါတယ်။ နယူးကာဆယ်အတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ စိန့်မက်ဇီမင်က အဝေးကွင်းပရိသတ်တွေရှေ့မှာ အောင်ပွဲခံနေတုန်း ပရိသတ်တစ်ယောက်ရဲ့ အံ့အားသင့်စရာ အောင်ပွဲခံမှုကို ရုပ်သံမှာ ရိုက်ကူးမိရက်သား ဖြစ်ခဲ့ပါတယ်။ မျက်စိလျင်တဲ့ ပရိသတ်တွေကတော့ ဒီဖြစ်ရပ်ကို ချက်ချင်းမြင်တွေ့ခဲ့ကြပြီး တွစ်တာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အနိုင်ဂိုးသွင်းခဲ့တဲ့ စိန့်မက်ဇီမင်ကလည်း အဲဒီပရိသတ်ရဲ့ အောင်ပွဲခံမှုနဲ့ပတ်သက်ပြီး တွစ်တာပေါ်မှာ အခုလို ရေးသားခဲ့ပါတယ်။ ”ရဟတ်ယာဉ်ဒလက်လှည့်သလို အောင်ပွဲခံမှုကို မြင်လိုက်ရတဲ့ နောက်မှာတော့”လို့ စိန့်မက်ဇီမင်က ရေးသားပြီး ”ကျွန်တော့်ကို ခွင့်လွှတ်ပါ”ဆိုတဲ့ လှုပ်ရှားမှုပုံရိပ်တစ်ခုကို ဖော်ပြထားပါတယ်။ နယူးကာဆယ်ဟာ လိဂ်-၁ ပြိုင်ဘက် အောက်စဖို့ဒ်ယူနိုက်တက် အသင်းကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး အချိန်ပို ၁၁၆ မိနစ်ရောက်မှ အနိုင်ဂိုးသွင်းနိုင်ခဲ့တာပါ။ အဲဒီအတွက် (၁၄)နှစ်အတွင်းမှာ အက်ဖ်အေဖလား ပဥ္စမအဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top