အစားအသောက် ရောင်းချမှုလုပ်ငန်းမှာ ဒေါ်လာ ၂.၉ ဘီလီယံ ရင်းနှီးမြုပ်နှံခဲ့တဲ့ Alibaba

615d71dd54ced5b9bf9d4c16c0df816b3c3fbb5a.jpg

တရုတ်နိုင်ငံရဲ့ အစားအစာရောင်းချမှု လုပ်ငန်းတွေထဲမှာ ရင်းနှီးမြုပ်နှံမှု အများဆုံး လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ Alibaba ရဲ့ CEO ဖြစ်သူ ဒန်နီရာယ် ဇန် (Daniel Zhang) ကတော့ Alibaba ဟာ ရိုးရာဈေးရောင်းတဲ့ ဓလေ့ကို ပြောင်းလဲဖို့အတွက် တွဲဖက်ကုမ္ပဏီ အသစ်တွေကို ကြိုဆိုနေတယ် လို့ဆိုပါတယ်။

အလီဘာဘာဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ရင်းနှီးမြုပ်နှံငွေ ၂.၉ ဘီလီယံ နဲ့တရုတ် အစားအစာ ရောင်းချ ဈေးကွက်မှာ အဓိက စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ချဲ့ထွင်ခဲ့လာခဲ့ပါတယ်။ တရုတ်အကြီးဆုံး e-commerce စီးပွားရေး လုပ်ငန်းဖြစ်တဲ့ Alibaba ဟာ လတ်တလော နှစ်ပိုင်းတွေအတွင်း သူ့ရဲ့ အွန်လိုင်းမှာ လုပ်ကိုင်ရတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပြင်ပစီးပွားရေး လုပ်ငန်းတွေကို တိုးချဲ့လာဖို့ ကြိုးစားလာတာကိုတွေ့ရပြီး တရုတ်ကုန်စုံဆိုင်တွေ၊ Shopping Mall တွေနဲ့ စတိုးဆိုင်လုပ်ငန်းတွေမှာ ငွေကြေးရင်းနှီးမြုပ်နှံလာတာကို တွေ့ရပါတယ်။

အလီဘာဘာဟာ မကြာခင်အတွင်းမှာလည်း ထိုင်ဝမ်စီးပွားရေး လုပ်ငန်းကြီးဖြစ်တဲ့ ယွင်တက် အဖွဲ့ (Ruentex Group) ထံမှ ဆန်းအာ့တ် လက်လီရောင်းချရေးလုပ်ငန်း (Sun Art Retail) ရဲ့ ရှယ်ယာ ၃၆ ရာခိုင်နှုန်းကို ဝယ်ယူဖို့ရှိနေပါတယ်။ ဆန်းအာ့တ် လက်လီရောင်းချရေးလုပ်ငန်းဟာ စတိုးဆိုင်များစွာ ကို လုပ်ကိုင်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး အနာဂတ်မှာ လူမဲ့စတိုးဆိုင်များကို တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။

ဟန်ဇောင် အခြေစိုက် Alibaba ဟာ အမေရိကန် အခြေစိုက် Amazon ဒီနှစ်အစပိုင်းမှာ Whole Food လုပ်ငန်းကို မဝယ်ယူခင်ကတည်းက ကြိုပြီးအနာဂတ်မှာ အွန်လိုင်းမှရော၊ အပြင်မှာရော ဈေးရောင်းချဖို့ ပြင်ဆင်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဆန်းအာ့တ် လက်လီရောင်းချရေးလုပ်ငန်းဟာ အူချမ် (Auchan) တံဆိပ်အောက်မှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပြီး Alibaba ရဲ့ ရင်းနှီးမြုပ်နှံမှုကြောင့် ဆန်းအာ့တ်လုပ်ငန်းရဲ့ လုပ်ငန်းတွေ ပိုမိုတိုးချဲ့လုပ်ကိုင်လာနိုင်တော့မှာလည်း ဖြစ်ပါတယ်။

Ref : AFP News : Alibaba takes $2.9 billion stake in food retailer

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top