မွေးထားတဲ့ ကလေး ၄ ယောက်လုံးကို ကွန်ကရစ်ပုံးထဲ စွန့်ပစ်ထားခဲ့တဲ့ ဂျပန်အမျိုးသမီး

pri_60683138.jpg

ဂျပန်နိုင်ငံ ဟွန်ရူကျွန်း၊ အိုဆာကာမြို့မှာ နေထိုင်တဲ့ ဂျပန် အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ကလေး လေးယောက်လုံးကို ကွန်ကရစ်တွေ ဖြည့်ထားတဲ့ ရေပုံးထဲမှာ ဆယ်စုနှစ် ၂ ခုကြာ စွန့်ပစ်ခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပါတယ်။

သူမဟာ အသက် ၅၃ နှစ်ရှိသူ မာရူမီ ဆိုင်တို (Mayumi Saito) ဖြစ်ပြီး သူမရဲ့ ကလေး ၄ ယောက်လုံးကို ကွန်ကရစ်ဖြည့်ထားတဲ့ ရေပုံးထဲမှာ ထည့်ပြီး သူမတိုက်ခန်းမှာ နှစ် ၂၀ ကြာလောက်သိမ်းထားခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဆိုင်တိုဟာ ရဲများကို သူမဟာ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်ကြား အတွင်း ကလေးများ မွေးခဲ့ကြောင်း ပြောဆိုခဲ့တယ် သိရပါတယ်။ ဆိုင်တိုဟာ သူမရဲ့ အပြစ်ကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့က အိုဆာကရဲဌာနကို လာရောက်အဖမ်းခံခဲ့တာဖြစ်ကာ ငွေရေးကြေးရေး ပြဿနာများကြောင့် ကလေးများကို မကျွေးမွေးနိုင်တဲ့အတွက် စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ ဖြောင့်ချက်ပေးခဲ့တာပါ။

ရဲများက ဆိုင်တိုရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေခဲ့တဲ့အခါ ဘီရိုထဲမှာ ထည့်ထားတဲ့ ကွန်ကရစ် ရေပုံး ၄ ပုံးတွေ့ခဲ့ပြီး ပုံးတွေကို Scan ဖတ်ကြည့်တဲ့အခါ မွေးကင်းစကလေးလို့ ယူရတဲ့ အကြွင်းအကျန်တွေ တွေ့ခဲ့ပါတယ်။ ရဲများကတော့ ကလေးများဟာ မွေးကတည်းက သေဆုံးနေတာလား၊ စွန့်ပစ်ခံလိုက်ရမှ သေဆုံးသွားတာလားဆိုတာကို စုံစမ်းနေတယ် လို့သိရပါတယ်။

ဆိုင်တိုမှာ တခြားကလေး ၂ ယောက်လည်း ရှိသေးပြီး ၁ ယောက်က ဆယ်ကျော်သက်ဖြစ်ကာ တစ်ယောက်ကတော့ တခြားအရပ်မှာ နေထိုင်နေတယ် လို့သိရပါတယ်။ “ကျွန်မ သူတို့လေးတွေကို ကျွေးမွေးနိုင်မယ် မထင်လို့ စွန့်ပစ်ခဲ့တာပါ။ ကျွန်မမှာ အားကိုးစရာလူလည်း တစ်ယောက်မှ မရှိတော့ပါဘူး ” လို့ ဆိုင်တိုကရဲ တပ်ဖွဲ့ကိုပြောဆိုခဲ့ပါတယ်။

ဆိုင်တိုတစ်ယောက် အခုအချိန်မှ နောင်တရပြီး အပြစ်ကျူးလွန်ကြောင်း ဝန်ခံရတာလဲဆိုတဲ့ အကြောင်းရင်း ကိုတော့ မသိရသေးပါဘူး။

Ref : JapanTime News : Japan woman claims to have dumped babies

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top