လုံးဝနေကြတ်ခြင်းကို အမြင့်ပေ ၃၀၀၀၀ ကနေ မြင်တွေ့ခွင့်ရစေမယ့် လေကြောင်းခရီးစဉ်

27.2.24-yyl-12.jpg

လုံးဝနေကြတ်ခြင်းကို အမြင့်ပေ ၃၀၀၀၀ ကနေ မြင်တွေ့ခွင့်ရစေဖို့အတွက် Delta လေကြောင်းလိုင်းက သီးသန့်လေကြောင်းခရီးစဉ်တစ်ခု ပြေးဆွဲသွားဖို့ စီစဉ်နေပါတယ်။ ဧပြီလ ၈ ရက်မှာ Dallas-Fort Worth ကနေ ဒက်ထရွိုက်ကို လေကြောင်းခရီးစဉ် ပြေးဆွဲပြီး လရိပ်ဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်(path of totality) အချိန်ကြာကြာ ရှိနေအောင် ပျံသန်းမယ်လို့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ Delta လေကြောင်းလိုင်းက ကြေညာခဲ့ပါတယ်။

လုံးဝနေကြတ်ခြင်းကို မက္ကဆီကို၊ အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံ အရှေ့ပိုင်း အပါအဝင် မြောက်အမေရိကတိုက်ရဲ့ လူနေထူထပ်တဲ့ဒေသတွေကနေ မြင်တွေ့ရဖွယ် ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် မိုင် ၁၀၀ ကျယ်ဝန်းတဲ့ လရိပ်ဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်မှာ နေကြတ်ခြင်းကို မြင်တွေ့ရမှာပါ။

Deltaကုမ္ပဏီဟာ အော်စတင်မြို့ကနေ ဒက်ထရွိုက်မြို့ကို ပျံသန်းမယ့် ပထမဆုံး သီးသန့်လေကြောင်းခရီးစဉ် (လေကြောင်းအမှတ် ၁၂၁၈)ကို ဖေဖော်ဝါရီလ ၁၉ ရက်မှာ စတင်ကြေညာခဲ့ပြီး ၂၄ နာရီအတွင်း လက်မှတ်အားလုံး ရောင်းကုန်သွားခဲ့ပါတယ်။ လေကြောင်းအမှတ် ၁၂၁၈ ခရီးစဉ်ကို A220-300 လေယာဉ်နဲ့ ပျံသန်းမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်က ကြေညာခဲ့တဲ့ လေကြောင်းအမှတ် 1010 ကိုတော့ ပိုကြီးမားတဲ့ A321neo လေယာဉ်နဲ့ ပျံသန်းစေမှာ ဖြစ်ပါတယ်။

Ref:Delta adds another eclipse flight as companies look to capitalize solar event

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top