ကန်ဒေါ်လာ သန်း ၇၀၀ နီးပါး ကုန်ကျမယ့် နောက်ဆုံးပေါ် ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်သစ်

18.9.23-yyl-23.jpg

အမေရိကန်လေတပ်က သူတို့ရဲ့ နောက်ဆုံးပေါ် ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်သစ် B-21 Raider ရဲ့ ဓာတ်ပုံသစ်တွေကို ထုတ်ပြလိုက်ပါပြီ။ တစ်စီးကို အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါး တန်ကြေးရှိမယ်လို့ ခန့်မှန်းထားတဲ့ B-21 Raider ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်သစ်ကို အခုနှစ်နှောင်းပိုင်းမှာ စမ်းသပ်ပျံသန်းဖို့ ခန့်မှန်းထားပါတယ်။

Northrop Grumman ကုမ္ပဏီက ထုတ်လုပ်တဲ့ B-21 Raider ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်သစ်ရဲ့ ဓာတ်ပုံတွေကို ပြီးခဲ့တဲ့သီတင်းပတ်က Defense Visual Information Distribution Service ဝက်ဘ်ဆိုက်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ အရင်က ရှေ့တည့်တည့်ကနေ ရိုက်ထားတဲ့ B-21 Raider ဓာတ်ပုံတစ်ပုံသာ ထွက်ရှိခဲ့ဖူးပြီး အခုအခါမှာတော့ ရှုထောင့်အစုံကနေ ရိုက်ထားတဲ့ ဓာတ်ပုံတွေ ထပ်မံထွက်ပေါ်လာတာ ဖြစ်ပါတယ်။

B-21 Raider ကိုယ်ပျောက် နျူကလီးယားဗုံးကြဲလေယာဉ်ဟာ လက်ရှိအသုံးပြုနေတဲ့ B-1 Lancer နဲ့ B-2 Spirit လေယာဉ်တွေ နေရာမှာ အစားထိုးမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ တပ်တော်ဝင်ဖို့ ခန့်မှန်းထားပါတယ်။

Ref: Air Force releases most detailed images yet of secretive $700M Raider nuclear stealth bomber

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top