ကျက်အောင်ချက်မထားတဲ့ တီလားပီးယားငါးစားပြီး ရောဂါပိုးဝင်လို့ ခြေတွေ၊ လက်တွေ ဖြတ်ခဲ့ရတဲ့ အမျိုးသမီး

18.9.23-yyl-၂၁.jpg

အမေရိကန်အမျိုးသမီးတစ်ယောက်ဟာ ကျက်အောင် ချက်ပြုတ်မထားတဲ့ တီလားပီးယားငါး စားပြီး ပိုးဝင်သွားလို့ ခြေတွေ၊ လက်တွေ ဖြတ်ပစ်ခဲ့ရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသမီး ဘာရာဂျာဟာ ဇူလိုင်လနှောင်းပိုင်းမှာ ဈေးကနေ ဝယ်လာတဲ့ တီလားပီးယားငါးကို ချက်စားပြီး ရက်ပိုင်းအကြာမှာ နေမကောင်းဖြစ်ခဲ့တာပါ။

” သေလုမျောပါး ဖြစ်ခဲ့တာပါ။ အသက်ရှူစက်တပ်ထားရတယ်။ ဆေးပညာအရ ကိုမာဝင်သွားတဲ့ အခြေအနေပေါ့။ သူ့လက်ချောင်းတွေ၊ ခြေထောက်တွေ မည်းပုပ်နေတယ်။ အောက်နှုတ်ခမ်းရောပဲ။ သွေးအဆိပ်သင့်ပြီး ကျောက်ကပ်လည်း အလုပ်မလုပ်တော့ဘူး” လို့ ဘာရာဂျာရဲ့ မိတ်ဆွေဖြစ်သူ မက်ဆီနာက ဆိုပါတယ်။

ဘာရာဂျာဟာ ရောဂါပိုးကူးစက်မှုကြောင့် ဆေးရုံမှာ တစ်လကြာ ကုသမှုခံယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အရေးပေါ်ခွဲစိတ်မှု လုပ်ခဲ့ရတာပါ။ ဘာရာဂျာဟာ Vibrio vulnificus ဘက်တီးရီးယားပိုး ကူးစက်ခံခဲ့ရတာဖြစ်မယ်လို့ မက်ဆီနာက ပြောပါတယ်။ ပင်လယ်စာတွေကို အစိမ်းစားတာ၊ ကျက်အောင် ချက်မစားတာ၊ ပင်လယ်ရေထဲမှာ ထိခိုက်ဒဏ်ရာရတာ အစရှိတဲ့ အခြေအနေတွေမှာ Vibrio vulnificus ဘက်တီးရီးယားပိုး ဝင်တတ်တယ်လို့ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) က စက်တင်ဘာလ ၁ ရက်နေ့မှာ သတိပေးခဲ့တာပါ။

အမေရိကန်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း အခုလို ရောဂါပိုး ကူးစက်ခံရသူ ၁၅၀ ကနေ ၂၀၀ ကြားရှိပြီး ကူးစက်ခံရသူ ၅ ယောက်မှာ ၁ ယောက်နှုန်း သေဆုံးခဲ့တယ်လို့ CDC က ဖော်ပြပါတယ်။

Ref: Woman loses all 4 limbs after eating undercooked fish in California

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top