ကွန်ဂိုနိုင်ငံမှာ ဈေးထဲကို ဓာတ်ကြိုးပျက်ကျပြီး အနည်းဆုံး လူ ၂၆ ယောက် ဓာတ်လိုက် သေဆုံး

30.1.2021yyl37.jpg

ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံမှာ ဈေးထဲကို ဓာတ်ကြိုးပြတ်ကျပြီး ဓာတ်လိုက်ခံရလို့ အနည်းဆုံး လူ ၂၆ ယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့က ကွန်ဂိုနိုင်ငံမြို့တော် ကင်ရှာဆာမြို့နားမှာ ဗို့အားပြင်း ဓာတ်အားလိုင်းက အိမ်တွေနဲ့ ဈေးဝယ်သူတွေပေါ်ကို ပြတ်ကျခဲ့တာပါ။

လူမှုကွန်ရက်ပေါ်က အတည်မပြုနိုင်သေးတဲ့ ရုပ်သံမှတ်တမ်းအရ အဲဒီဖြစ်စဉ်အပြီး ရေပွက်ထဲမှာ မလှုပ်မယှက်ဖြစ်နေတဲ့ ရုပ်အလောင်း အများအပြား တွေ့ရပါတယ်။ ဒီဖြစ်စဉ်မှာ ဓာတ်ကြိုးပြတ်ကျခဲ့တဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ကွန်ဂိုနိုင်ငံ အမျိုးသားလျှပ်စစ်ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ မိုးကြိုးပစ်ခံရလို့ ဓာတ်ကြိုးပြတ်ကျခဲ့တာ ဖြစ်မယ်လို့ ဖော်ပြထားပြီး ကျန်ရစ်သူမိသားစုတွေအတွက် ဝမ်းနည်းကြောင်းစကားဆိုခဲ့ပါတယ်။ ဒေသခံမီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရ သေဆုံးသူအများစုဟာ ဈေးသည်အမျိုးသမီးတွေ ဖြစ်တယ်လို့ သိရပါတယ်။

” ဓာတ်ကြိုးပြတ်ကျပြီး လျှပ်စီးရှိနေတဲ့အစွန်းတစ်ဖက်က ရေမြောင်းထဲကို ကျသွားတာပါ။ မနက်ပိုင်း မိုးရွာထားလို့ မြောင်းထဲမှာလည်း ရေတွေပြည့်နေတယ်” ကင်ရှာဆာပြည်နယ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အမ်ဘူတာမန်တူက ပြောပါတယ်။

Ref: BBC “DR Congo: Power cable collapse at Kinshasa market kills 26”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top