မုန်တိုင်းမိပြီး ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၁၀ ဦးထဲမှာ မြန်မာသင်္ဘောသား ၉ ဦး ပါဝင်နေ

26.7.2024-yyl-2.jpg

မုန်တိုင်းမိပြီး ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၁၀ ဦးကို ရှာဖွေနိုင်ဖို့ ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့တွေက တောင်တရုတ်ပင်လယ်ထဲမှာ ရှာဖွေကယ်ဆယ်ရေး အပူတပြင်း လုပ်ဆောင်လျက်ရှိပါတယ်။ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၄၀ နှုန်းရှိတဲ့ တိုင်ဖွန်းမုန်တိုင်း ဂေမီကြောင့် တန်ဇန်နီးယားကုန်တင်သင်္ဘော နစ်မြုပ်ခဲ့ပြီး အနည်းဆုံး သင်္ဘောသား ၁၀ ဦး ပျောက်ဆုံးနေတာပါ။ သင်္ဘောသား ၉ ယောက်ကတော့ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

ကောင်းရှန်းဆိပ်ကမ်းရဲ့ ကမ်းလွန်ဘက် ၁၅ မိုင်အကွာမှာ အန္တရာယ်ကြုံကြောင်း အချက်ပြခဲ့တဲ့ တန်ဇန်းနီးယားသင်္ဘောနဲ့ အဆက်အသွယ်ရရှိနိုင်ဖို့ ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ အနီးနားမှာရှိတဲ့ သင်္ဘောတွေက ကြိုးပမ်းလျက်ရှိပါတယ်။

ဖူရှန်လွန်းလို့ အမည်ပေးထားတဲ့ တန်ဇန်းနီးယားသင်္ဘောဟာ ၁၈၅ ပေ ရှည်လျားတဲ့ ကုန်တင်သင်္ဘော ဖြစ်ပါတယ်။

Ref: Air-sea search on in South China Sea for 10 seamen missing in wake of deadly typhoon
Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top