လည်ချောင်းထဲမှာ ပြောင်းဖူးပေါက်ပေါက်ပိတ်ဆို့ပြီး သေလုနီးပါးဖြစ်ခဲ့ရတဲ့ကလေးငယ်

53399774_444509729626328_2083721431106977792_n-2.jpg

အသက် နှစ်နှစ်အရွယ်ကလေးတစ်ဦးဟာ ပြောင်းဖူးပေါက်ပေါက် စားသုံးရင်း ပေါက်ပေါက်အပိုင်းအစတေ အဆုတ်မှာ ပိတ်ဆိုသွားခဲ့ပါတယ်။ ပိတ်ဆို့နေတဲ့ ပြောင်းဖူးပေါက်ပေါက်ကြောင့် ဘတ်တီးရီးယားပိုးဝင်၊ အဆုတ်ရောင်ရမ်းပြီး သေလုနီးပါးထိ ဖြစ်ခဲ့တာပါ။ နာရှ်ဂေါ့ဒါဒ် (Nash Goddard) ဟာ သူ့မိဘတွေနဲ့ ရုပ်ရှင်ကြည့်နေချိန် အဆာပြေအနေနဲ့ ပြောင်းဖူးပေါက်ပေါက်စားရင်း ရုတ်တရက် လည်ချောင်းမှာဆို့သွားပေမဲ့လည်း ချက်ချင်း သက်သာအောင် လုပ်နိုင်ခဲ့ပါတယ်။

နောက်နေ့မှာတော့ နာရှ်ဟာ ထူးထူးဆန်းဆန်း ချောင်းဆိုးသံနဲ့ ချောင်းဆိုးခဲ့ပြီး အဖျားတွေပါ တက်လာပါတော့တယ်။ သူ့ရဲ့အမေ နီကိုးလ် (Nicole) က သူ့ကို အိပ်ရာမှာအနားယူစေပြီး ဆရာဝန်ဆီကို ဖုန်းဆက်ခဲ့ပါတယ်။ ဆရာဝန်က နာရှ်ရဲ့နောက်ဆက်တွဲ ရောဂါလက္ခဏာတွေကြောင့် ဆေးရုံပို့ဖို့ တိုက်တွန်းခဲ့ပါတယ်။

ပြောင်းဖူးပေါက်ပေါက်တစ်ခုဟာ အပိုင်းလေးတွေအများကြီးအဖြစ် ကွဲထွက်သွားပြီး အဆုတ်ရောင်ရောဂါဖြစ်စေခဲ့တာကို စစ်ဆေးမှုတွေကတစ်ဆင့် သေိခဲ့ရပါတယ်။ ကိုလိုရာဒို ကလေးဆေးရုံမှာ နာရှ်ကို ထုံဆေးပေးထားပြီး အဆုတ်မှာရောက်နေတဲ့ ပေါက်ပေါက် အပိုင်းအစတွေကို ဖယ်ထုတ်ဖို့ ခွဲစိတ်မှု နှစ်ခါ လုပ်ဆောင်ခဲ့ရပါတယ်။

နာရှ်ရဲ့အဖေ ဂျိတ်ခ် (Jake) ဟာ လေယာဉ်ဝန်ဆောင်မှုပေးသူတစ်ဦးဖြစ်ပြီး အလုပ်ကြောင့် ခရီးထွက်နေရသူတစ်ဦးဖြစ်ပါတယ်။ အဖေဖြစ်သူဟာလည်း သူ့သားလေး ပြန်ကောင်းလာဖို့ မျှော်လင့်ရင်း ဆေးရုံကို ရောက်လာပါတယ်။ နီကိုးလ်က ‘နာရှ်ရဲ့အဆုတ်က ပြောင်းဖူးပေါက်ပေါက် အပိုင်းခြောက်ခုကို အောင်အောင်မြင်မြင် ဖယ်ရှားပြီးပါပြီ။ ဒါပေမဲ့ အဆုတ်ရောင်ရမ်းနေတဲ့အတွက် အားလုံးကို မဖယ်ထုတ်နိုင်ခဲ့လို့ ကျွန်မတို့ အရမ်းစိတ်ပူပါတယ်’ လို့ ပြောပါတယ်။

နှစ်ရက်အကြာမှာ ကျန်နေတဲ့ ပေါက်ပေါက်အပိုင်းအစကိုဖယ်ထုတ်နိုင်ဖို့ ခွဲစိတ်မှု ထပ်လုပ်ရပြန်ပါတယ်။ ခွဲစိတ်မှုပြီးလို့ ပြန်ကောင်းလာပြီး နာရှ်တစ်ယောက် ဆေးရုံကဆင်းခဲ့ရပါပြီ။ ‘ဂျိတ်ခ်နဲ့ ကျွန်မတို့နှစ်ယောက်လုံး သားလေးပြန်ကောင်းလာတဲ့ကိစ္စအတွက် အရမ်းပျော်ပါတယ်’ လို့ နီကိုးလ်က ဆိုခဲ့ပါတယ်။

ဒီအဖြစ်အပျက်လေးကို နမူနာယူပြီး အသက် ငါးနှစ်အောက် ကလေးငယ်တွေ ပြောင်းဖူးပေါက်ပေါက်စားတဲ့အခါ ကြုံရနိုင်တဲ့အန္တရာယ်အပြင် အခြားအန္တရာယ်တွေကိုလည်း သတိပြုသင့်ပါကြောင်း…။

Ref: www.dailymail.co.uk ” Boy, 2, almost died after a piece of popcorn got lodged in his LUNG causing bacterial pneumonia”
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top