ဖိလစ်ပိုင်နိုင်ငံက ဈေးတစ်ခုမှာ Social Distancing အနေနဲ့ စက်ဝိုင်းအမှတ်အသားမှာနေရာယူထားကြတဲ့ လေလွင့်ကြောင်လေးတွေ

28-5-2020-yyl-017.jpg

တိရစ္ဆာန်လေးတွေကလည်း ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာကြတဲ့ပုံပါပဲ။ ဖိလစ်ပိုင်နိုင်ငံက Quezon City ဈေးလမ်းမှာ Social Distancing အနေနဲ့ အမှတ်အသားလုပ်ထားတဲ့စက်ဝိုင်းမှာ လေလွင့်ကြောင်လေးတွေ နေရာယူထားကြတာကို ဈေးဝယ်သူတွေက တွေ့မြင်ခဲ့ရပါတယ်။ မြေပြင်မှာ ဆွဲထားတဲ့ အဖြူရောင်စက်ဝိုင်းတွေက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် လူတွေကို အနည်းဆုံး (၁) မီတာအကွာမှာနေဖို့ ကူညီပေးထားတာဖြစ်ပါတယ်။ ကြောင်လေးတွေ အခုလို စည်းကမ်းလိုက်နာနေတဲ့ပုံတွေကို အင်တာနက်အသုံးပြုသူတွေက စိတ်ဝင်စားလို့နေပါတယ်။

ဒီပုံတွေကို ကိုလိန်ဆိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ရိုက်ကူးခဲ့ပြီးသူ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်ခဲ့ပြီးတဲ့နောက်မှာ လူသိများသွားခဲ့တာဖြစ်ပါတယ်။ သူက စက်ဝိုင်းတွေမှာ ကြောင်တွေနေရာယူထားတာကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပါတဲ့။ အဲဒီကြောင်တွေက အဲဒီနေရာမှာ (၁၀) မိနစ်ဝန်းကျင်လောက်ရှိနေခဲ့တာပါ။ ဒါက အရမ်းအံ့သြဖို့ကောင်းတယ်လို့ ထင်တဲ့အတွက်သူက ဓာတ်ပုံရိုက်ဖို့ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ “ဒီဓာတ်ပုံတွေကို မေလ ၁၂ ရက်နေ့က ရိုက်ကူးခဲ့တာပါ။ အဲဒီလိုကြောင်တွေက ကျွန်မတို့ဆိုင်ရှိတဲ့ဈေးနားတစ်ဝိုက်မှာ သွားလာနေတာပါ။ အဖြူရောင်အမှတ်အသားစက်ဝိုင်းမှာ ကြောင်တွေထိုင်နေတာ မြင်ရတာ ဒါပထမဆုံးပါပဲ”လို့ ကိုလိန်က ဆိုပါတယ်။

ကိုလိန်က သူ့ရဲ့ဓာတ်ပုံတွေ နာမည်ကြီးသွားလိမ့်မယ်လို့မထင်ခဲ့ဘူးလို့ ဆိုပါတယ်။ ” ချစ်ဖို့ကောင်းတဲ့အတွက် လူမှုကွန်ရက်မှာ မျှဝေချင်တာကြောင့် ပုံတွေကို တင်ဖြစ်ခဲ့တာပါ။ သူတို့ကို ဓာတ်ပုံရိုက်တော့ ကျွန်မ အရမ်းစိတ်လှုပ်ရှားခဲ့တာပါ” လို့ ပြောပါတယ်။ ဒီကြောင်လေးတွေက အစာရှာဖို့အတွက် ဈေးကို လာလေ့ရှိတဲ့ လေလွင့်ကြောင်လေးတွေဖြစ်တယ်လို့ ကိုလိန်ရဲ့ပြောစကားအရ သိရပါတယ်။ အဲဒီကြောင်လေးတွေက Social Distancing စည်းမျဉ်းတွေကို ဘယ်လိုလိုက်နာရမလဲဆိုတာကို လူသားတွေကို ပြနေသလိုပါပဲ။ တကယ်တော့ ကြောင်လေးတွေက စက်ဝိုင်းတွေထဲမှာနေရတာကိုကြိုက်ကြပြီး အဲဒီမှာ နေရတာက လုံခြုံမှုပေးနိုင်တယ်လို့ စိတ်ထဲမှာစွဲနေတဲ့အတွက်ကြောင့်ပါ။ COVID-19 ကာလအတွင်းမှာ အခြားနိုင်ငံက တိရစ္ဆာန်လေးတွေလည်း Social Distacing လုပ်ကြတာကို တွေ့ရပါသေးတယ်။

Ref: People In The Philippines Spotted Stray Cats Occupying The Circle Marks Near The Market

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top