လှံတံပစ်အားကစား သမား ဂျူးလိယက် ရဲဂိုး (Julius Yego) ဟာ ကင်ညာနိုင်ငံ ကိုယ်စားပြုအားကစားသမားအနေနဲ့ ရီယို အိုလံပစ် (Rio Olympics) ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ဒီပွဲနဲ့ ပတ်သက်ပြီး အကောင်းဆုံးမျှော်မှန်း ထားတယ်လို့သိရပါတယ်။
အားလုံးသိထားတဲ့ အတိုင်းပဲ နိုင်ငံ့ကိုယ်စားပြု အားကစားသမားတစ်ယောက် ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ပိုပြီး အံ့ဩစရာကောင်းတာက သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုပါ။

ရဲဂိုးဟာ လှံတံပစ်အားကစားကိုလိုက်စားခဲ့စဉ်က ငွေကြေးအခက်အခဲကြောင့် နည်းပြ မငှားနိုင်ခဲ့ပါဘူး
ရဲဂိုးဟာ လှံတံပစ်အားကစားကို လိုက်စားခဲ့စဉ်က ငွေကြေးအခက်အခဲကြောင့် နည်းပြ မငှားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဖြစ်ထွန်းချင်တဲ့ စိတ်ဆန္ဒကြောင့် လေ့လာသင်ယူနိုင်မယ့် နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ ရဲဂိုးဟာ အင်တာနက်ကဖေးကို သွားပြီး ယူကျု(YouTube) ကနေ လှံတံပစ်အားကစားကို သင်ကြားပေးတဲ့ ဗီဒီယိုတွေကို ကြည့်ပြီး ကိုယ်တိုင်သင်ယူလေ့ကျင့်ဖြစ်ခဲ့ပါတယ်။

အင်တာနက်ကဖေးကိုသွားပြီး ယူကျု (YouTube) ကနေ လှံတံပစ်အားကစားကို သင်ကြားပေးတဲ့ဗီဒီယိုတွေကိုကြည့်ပြီး ကိုယ်တိုင်သင်ယူလေ့ကျင့်ဖြစ်ခဲ့ပါတယ်
“နည်းပြဆရာမရှိဘဲ သင်ယူလေ့လာရတာဟာ ကျွန်တော့်အတွက် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကြည့်နေတဲ့ ဗီဒီယိုတွေမှာ သရုပ်ပြသင်ပေးနေတဲ့ ဆရာက ဖင်လန် (Finland) နိုင်ငံမှာ နေနေတာပါ။ သူ့ကို ကျွန်တော့်ဆီလာသင်ပေးဖို့ ခေါ်မယ်ဆို အဆမတန် ကုန်ကျမှာလေ” လို့ ရဲဂိုးက ပြောပါတယ်။ ဒါပေမယ့် သူအရမ်း စိတ်အားထက်သန်ပြီး ကျွမ်းကျင်ချင်တဲ့ အားကစားဖြစ်တဲ့ အလျောက် ၂၀၀၉ ခုနှစ်က စတင်ပြီး အင်တာနက်ပေါ်က ဗီဒီယိုတွေ ကြည့်ရင်းပဲ အပတ်တကုတ်သင်ယူခဲ့ပါတယ်။

ရဲဂိုးဟာ ၂၀၁၁ ခုနှစ် အာဖရိက နိုင်ငံပေါင်းစုံပြိုင်ပွဲမှာ ဆုရရှိတဲ့ ပထမဆုံးကင်ညာနိုင်ငံသား လှံတံပစ်အားကစားဖြစ်လာခဲ့တယ်
သူ့ရဲ့ ကိုယ်တိုင် သင်ယူလေ့လာမှုဟာ တကယ်ပဲ ထိုက်ထိုက်တန်တန် အကျိုးပေးခဲ့ပါတယ်။ ရဲဂိုးဟာ ၂၀၁၁ ခုနှစ် အာဖရိက နိုင်ငံပေါင်းစုံ ပြိုင်ပွဲမှာ ဆုရရှိတဲ့ ပထမဆုံး ကင်ညာနိုင်ငံသား လှံတံပစ်အားကစားဖစ်လာခဲ့တယ်။ ၂၀၁၂ အိုလံပစ်ပြိုင်ပွဲမှာ အဆင့် ၁၂ နေရာကသာ ရပ်တည်ခဲ့ပေမယ့် ၂၀၁၄ ခုနှစ်အာဖရိက လက်ရွေးစင်ပြိုင်ပွဲနဲ့ ၂၀၁၅ ခုနှစ် ကမ္ဘာ့အဆင့် လက်ရွေးစင် ပြိုင်ပွဲတွေမှာ ပထမဆုကို ရရှိခဲ့ပါတယ်။ တစ်ခါမှာ သူ့ကို သတင်းထောက်တွေက “ခင်ဗျားရဲ့ နည်းပြက ဘယ်သူများလဲ” လို့ မေးတော့ ကျွန်တော့်နည်းပြက ယူကျု (YouTube) ပါပဲ” လို့ ရဲဂိုးက ပြန်ဖြေခဲ့ပါတယ်။
Ref: CNN News Article :” YouTube made Julius Yego a World Champion, will it help him win Olympic gold?”
Team (ရိုးရာလေး)