မကြာခဏခရီးထွက်ခြင်းက နှလုံးနဲ့ဆက်စပ်တဲ့ရောဂါတွေ ဖြစ်ပွားမှုကို လျော့ချပေးနိုင်

image-2.jpg

မကြာခဏ ခရီးထွက်ပေးခြင်းက ကျွန်တော်တို့ကို စိတ်ဖိစီးမှုမဖြစ်အောင် ကူညီပေးနိုင်သလို နှလုံးသွေးကြောကျဉ်ရောဂါတွေ ဖြစ်ပွားနိုင်ချေကို လျော့ချပေးတယ်လို့ သုတေသနပြုချက်အသစ်တွေက ဆိုထားပါတယ်။ ခရီးထွက်ခြင်းက လူသားတွေရဲ့ ဇီဝဖြစ်စဉ်လက္ခဏာရပ်တွေကို လျော့ချပေးနိုင်တယ်လို့လည်း Psychology and Health Journal မှာ တွေ့ရပါတယ်။

“ကျွန်တော်တို့ တွေ့ခဲ့ရတာက လွန်ခဲ့တဲ့ (၁၂) လမှာ မကြာခဏ ခရီးထွက်တဲ့သူတွေက ဇီဝဖြစ်စဉ်နဲ့ပတ်သက်တဲ့ရောဂါတွေနဲ့ ဇီဝဖြစ်စဉ်လက္ခဏာရပ်တွေ ဖြစ်နိုင်ချေနည်းတယ်ဆိုတာပါပဲ” လို့ Syracuse University က တွဲဖက်ပါမောက္ခ ဘိုင်ဆီ ဟူရက်စ်ကာ (Bryce Hruska) က ပြောပါတယ်။

အဲဒီသုတေသနပြုချက်အတွက် ခရီးထွက်ခဲ့ဖူးတဲ့ ဝန်ထမ်း (၆၃) ဦး ပါဝင်ခဲ့ပါတယ်။ သုတေသနပြုချက်မှာ ပါဝင်ခဲ့သူတွေက သွေးစစ်ဆေးမှုတွေပြုလုပ်ခဲ့ရပြီး လွန်ခဲ့တဲ့ (၁၂) လမှာ ခရီးထွက်ခဲ့တဲ့ အတွေ့အကြုံတွေကို အကဲဖြတ်တဲ့အနေနဲ့ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဝန်ထမ်းတွေ တစ်ဦးချင်းခရီးထွက်ခြင်းရဲ့ လေးပုံတစ်ပုံနီးပါးက နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ချေ လျော့နည်းစေတာကို သုတေသနပြုချက်အရ သိခဲ့ရပါတယ်။ ဒါကြောင့် သုတေသီတွေက လူတွေကို ခရီးထွက်ဖို့အတွက် အချိန်ပေးထားသင့်ကြောင်း အကြံပြုထားပါတယ်။

Ref: TOI “Frequent vacations good for your heart”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top