MPT က “အတူလက်တွဲ အမြဲရှိမည်”ဟူသည့် ကတိကဝတ်နှင့်အညီ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် အတွင်း လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးပေး ပံ့ပိုးကူညီခဲ့

3.4.24-yyl-6.jpg

MPT သည် တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများကို ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိက မဏ္ဍိုင်ကြီး သုံးရပ်တွင် စဥ်ဆက်မပြတ် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၃ ဘဏ္ဍာနှစ်အတွင်းတွင် MPT အနေဖြင့် သွေးလှူဒါန်းခြင်း၊ နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးခြင်း၊ မိုခါမုန်တိုင်းဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့မှုများနှင့် သဘာဝဘေးအန္တရာယ်သင့်ခဲ့ရသည့် ပဲခူးတိုင်းဒေသကြီ: (အရှေ့ပိုင်း)အတွက် ထောက်ပံ့လှူဒါန်းမှုများစသည့် မတူညီသော ကဏ္ဍမျိုးစုံအတွက် ထောက်ပံ့ကူညီမှုများကို ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းတွင် နိုင်ငံတစ်ဝန်းရှိ ပညာလိုလားသူ လူငယ်များအတွက် CSR E-Learning အစီအစဥ်ကို အလေးထားဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ပြည်သူများ အရေးကြီးသည့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ရရှိနိုင်စေရန်အတွက် MPT4U App မှတစ်ဆင့် လိုတရဝက်ဘ်ပေါ်တယ်ပေါ်တွင် ဒေတာဖိုး အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်မည့် ကျန်းမာရေးပညာပေး ဗွီဒီယိုများကိုလည်း စီစဥ်လုပ်ဆောင်ခဲ့ပါသည်။ စစ်မှန်သော ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ MPT အနေဖြင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သာမကပဲ မြန်မာနိုင်ငံ၏ ဓလေ့ထုံးစံများကို တန်ဖိုးထားထိန်းသိမ်းလျက် ရှိပါသည်။ ထို့အပြင် “သုံးစွဲသူ အများပြည်သူတို့၏ နေ့စဥ်လူနေမှုဘဝကို ပိုမိုကောင်းမွန်စေမည်”ဟူသည့် တန်ဖိုးထား သတ်မှတ်ချက်နှင့်အညီ သုံးစွဲသူများ၏ ပညာရေးနှင့် စွမ်းဆောင်ရည်များကို တတ်စွမ်းသမျှ ပါဝင်မြှင့်တင်ပေးလျက် ရှိပါသည်။

MPT-KSGM Joint Operations ၏ တွဲဖက်အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Kazuhiko MASUDA က “ကျွန်တော်တို့အနေနဲ့ တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းတွေကို ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နဲ့ စီးပွားရေး လုပ်ငန်းငယ် စတဲ့ အဓိက မဏ္ဍိုင်ကြီး သုံးရပ်မှာ ဗဟိုပြု ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ လွန်ခဲ့တဲ့ ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်းမှာ အများပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ လူမှုဘဝတွေ အဆင်ပြေစေရေးအတွက် အလေးပေး ပံ့ပိုးကူညီခဲ့ပြီး ၂၀၂၃ ခုနှစ်ထဲမှာတော့ CSR E-Learning အစီအစဥ်နဲ့ ကျန်းမာရေးပညာပေး အစီအစဉ်ကတစ်ဆင့် လူငယ်များရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားဆောင်ရွက်ခဲ့ပါတယ်။ လာမည့် ၂၀၂၄ ဘဏ္ဍာနှစ်မှာလည်း ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေနဲ့အညီ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ လူငယ်တွေရဲ့ တိုးတက်ရေးကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အပေါ် အမြဲယုံကြည်စွာနဲ့ အားပေးနေတဲ့ သုံးစွဲသူတွေနဲ့ မိတ်ဖက်တွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT အနေဖြင့် မြန်မာပြည်သူများနှင့် အမြဲအတူရှိမည်ဟူသော ကတိကဝတ်နှင့်အညီ လူမှုအသိုက်အဝန်းအတွက် အကျိုးကျေးဇူးရှိစေမည့် နေရာများနှင့် ကဏ္ဍများကို ဆက်လက်ထောက်ပံ့ ကူညီသွားမည် ဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာ့လူမှုအသိုက်အဝန်း ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် မြန်မာကျပ်ငွေ ၂၆ ဘီလီယံကျော် လှူဒါန်းခဲ့ပါသည်။ ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော MPT ၏ တာဝန်သိလူမှုအကျိုးပြုလှုပ်ရှားမှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

CSR E-Learning အစီအစဥ်

CSR E-Learning အစီအစဥ်ကို လူငယ်များအတွက် လိုအပ်သော စွမ်းဆောင်နိုင်ရည်နှင့် ဗဟုသုတများကို ဖြည့်ဆည်းပေးနိုင်ရန် ၂၀၂၃ ခုနှစ် မေလ(၃၁) ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။ လူငယ်များမှာ အနာဂတ်၏ ခေါင်းဆောင်များဖြစ်သည်နှင့်အညီ ပညာလိုလားသူ လူငယ်များအတွက် ပိုမို၍အကျိုးရှိစေရန် ပညာရေးနယ်ပယ်နှင့် အသက်မွေးဝမ်းကျောင်းနယ်ပယ်တွင် နာမည်ကောင်းရှိထားသည့် အိုင်တီနည်းပညာ အတွက် KMD Institute ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များအတွက် Center for Vocational Training Ltd Gty နှင့် ဂျပန်ဘာသာစကားအတွက် စိုးစံ ဂျပန်ဘာသာစကားသင်တန်း၊ မိုဘိုင်းလ်ဖုန်းဆော့ဖ်ဝဲ ပြုပြင်ရေးဆိုင်ရာအတွက် သန်းတိုးအောင် မိုဘိုင်းလ်ဖုန်းဆော့ဖ်ဝဲ ပြုပြင်ရေးတို့နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

Google ဖောင်လျှောက်လွှာဖြည့်သွင်းရန် QR ကုတ်

ကျန်းမာရေးပညာပေး ဗွီဒီယိုများကို MPT4U App မှတစ်ဆင့် လိုတရ ဝက်ဘ်ပေါ်တယ်ပေါ်တွင် အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်

အရည်အသွေးမြင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ရှိခြင်းသည် တစ်ဦးချင်းစီ ကျန်းမာရေး ကောင်းမွန်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အချက်တစ်ချက် ဖြစ်သည်ဟု MPT အနေဖြင့် ယုံကြည်သည်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်ရှိ နာမည်ရ ဆေးရုံကြီးများ ဖြစ်သည့် အာယု နိုင်ငံတကာဆေးရုံကြီး၊ ပန်းလှိုင် ဆေးရုံကြီးတို့နှင့် အတူပူးပေါင်း၍ အခမဲ့ ကျန်းမာရေး ပညာပေး အစီအစဥ်တစ်ခုကို စီစဥ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အစီအစဥ်အရ ပြည်သူများအနေဖြင့် ကျန်းမာရေးပညာပေး ဗွီဒီယိုများကို MPT4U App မှတစ်ဆင့် လိုတရဝက်ဘ်ပေါ်တယ်ပေါ်တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်သည့်အပြင် မိတ်ဖက်အဖွဲ့အစည်းများ၏ လူမှုကွန်ရက်မီဒီယာ စာမျက်နှာများတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ စတင်၍ ဝင်ရောက်ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ သွေးလွန်တုပ်ကွေး၊ ရင်သားကင်ဆာအကြောင်း သိကောင်းဖွယ်ရာများ၊ ဆီးချိုသွေးချိုရောဂါအကြောင်း သိကောင်းစရာများ၊ ကွမ်းစားခြင်းနှင့် ကျန်းမာရေး၊ အသည်းရောင် အသားဝါရောဂါအကြောင်း သိကောင်းစရာများစသည့် အကြောင်းအရာ (၅) ခု နှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များကို စုစုပေါင်း အပိုင်း (၁၃) ပိုင်းဖြင့် ရိုက်ကူးထားသည်ကို ဝင်ရောက်ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။

နိုင်ငံတစ်ဝန်းစုပေါင်းသွေးလှူဒါန်းမှု

သွေးလှူဒါန်းမှုသည် MPT က အလေးထား ဆောင်ရွက်လျက်ရှိသော လူမှုအကျိုးပြုလုပ်ငန်းများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး (၁၁) ကြိမ်မြောက်၊ (၁၂) ကြိမ်မြောက်နှင့် (၁၃) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းမှုများကို ၂၀၂၃ ခုနှစ် ဇွန်လ၊ အောက်တိုဘာလနှင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတို့တွင် အသီးသီး ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ လှူဒါန်းမှုတွင် ရန်ကုန်တိုင်းဒေသကြီး နှင့် အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီး၌ MPT ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များက ဝင်ရောက်လှုူဒါန်းခဲ့ပြီး သွေးအိတ် စုစုပေါင်း ၁,၄၀၀ ကျော် လှူဒါန်းနိုင်ခဲ့ပါသည်။ စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို ၂၀၁၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်အထိ MPT နှင့် ဒေသခံအဖွဲ့အစည်းများအပါအဝင် စေတနာသွေးလှူရှင် (၈,၅၀၀) ကျော်မှ သွေးအိတ်ပေါင်း (၈,၀၀၀) ကျော်ကို နိုင်ငံတစ်ဝန်းရှိ ဆေးရုံနှင့်သွေးဌာနများမှတစ်ဆင့် အရေးပေါ် သွေးလိုအပ်သူများအတွက် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

သီတင်းကျွတ်ကာလအထိမ်းအမှတ် နိုင်ငံတစ်ဝန်း ဂါရဝပြုလှုဒါန်းမှု၊ တန်ဆောင်တိုင်မီးထွန်းပွဲနှင့် တန်ဆောင်တိုင် အမှတ်တရ ဒီဂျစ်တယ် ဓာတ်ပုံပြိုင်ပွဲ

MPT သည် သီတင်းကျွတ်ကာလ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး /ပြည်နယ်ဒေသ (၁၈) ခုမှ ဘိုးဘွားရိပ်သာ (၂၄) ခု နှင့် အခြားလိုအပ်သောနေရာများသို့ အောက်တိုဘာလ (၂၃) ရက်မှ (၂၆) ရက်အထိ နိုင်ငံတစ်ဝန်း လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ပါသည်။ မြန်မာကျပ်ငွေ သိန်း (၃၀၀) တန်ဖိုးရှိ မရှိမဖြစ် လိုအပ်သော အခြေခံစားသောက်ကုန်များ၊ တစ်နေ့စာ အာဟာရအလှူများနှင့် လှူဒါန်းငွေများကို လှူဒါန်းခဲ့သည့်အပြင် ရန်ကုန်ကလေးဆေးရုံကြီးနှင့် ဇီဝိတဒါန သံဃာ့ဆေးရုံကြီးသို့ အောက်ဆီဂျင်ထုတ်သည့်စက် (၁၀) လုံးကို လှူဒါန်းခဲ့ပါသည်။

သီတင်းကျွတ်ကာလအထိမ်းအမှတ် နိုင်ငံတစ်ဝန်း ဂါရဝပြုလှုဒါန်းမှု

တန်ဆောင်တိုင်ပွဲတော် ကာလအတွင်းတွင် မြန်မာလူမျိုးများသည် စေတီ၊ ပုထိုးများ၌ ဖယောင်းတိုင် နှင့် ဆီမီးများ ပူဇော်လေ့ရှိပါသည်။ အဆိုပါပွဲတော်၏ အနှစ်သာရကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ ထင်ရှားသော စေတီပုထိုးများဖြစ်သည့် ဗိုလ်တထောင်စေတီတော်၊ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်၊ ဆူးလေစေတီတော်တို့တွင် အများပြည်သူ ပါဝင်ကုသိုလ်ယူနိုင်သည့် ဆီမီး ပူဇော်ပွဲများကို ကျင်းပခဲ့ပါသည်။ ထို့အပြင် တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် သက်ဆိုင်သည့် ဓာတ်ပုံများကို ရိုက်ကူး၍ ပါဝင်နိုင်သည့် တန်ဆောင်တိုင် အမှတ်တရ ဓာတ်ပုံပြိုင်ပွဲကိုလည်း ကျင်းပခဲ့ပါသည်။ ကံထူးရှင်များကို ကျပန်းစနစ်ဖြင့် ရွေးချယ်၍ realme mobile handsets, realme gift sets, Mi SmartWatch, Wireless Earbuds နှင့် MPT မိုဘိုင်းဖုန်းဘေလ်များ၊ MPT Club ပွိုင့်များ စသည့် အမှတ်တရ ဆုလက်ဆောင်များကို ပေးအပ်ခဲ့ပါသည်။

တန်ဆောင်တိုင်မီးထွန်းပွဲတော်

MPT ၏ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှု
လူမှုအသိုက်အဝန်းနှင့် သဘာဝပတ်ဝန်းကျင် ပိုမိုကောင်းမွန် လာစေရန်၊ ဖန်လုံအိမ်ဓါတ်ငွေ့များကို လျော့ချနိုင်ရန်နှင့် ကာဘွန်ထုတ်လွှတ်မှုကိုလျော့ ပါးစေနိုင်ရန် ရည်ရွယ်၍ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အစီအစဥ်မှ တစ်ဆင့် နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုကို ၂၀၂၃ခုနှစ် ဇူလိုင်လအတွင်းက ဆောင်ရွက်ခဲ့ပါသည်။ MPT အနေဖြင့် ၂၀၁၇ ခုနှစ်မှစတင်၍ သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုကို ဒေသတွင်းရှိ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာအဖွဲ့အစည်းများ၊ စေတနာရှင်အဖွဲ့များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အဆိုပါ ပူးပေါင်းဆောင်ရွက်မှု မှတစ်ဆင့် နိုင်ငံတစ်ဝန်းတွင် သစ်ပင်ပေါင်း ၁၇,၀၀၀ ကျော်စိုက် ပျိုးပြီးစီးခဲ့ပြီ ဖြစ်ပါသည်။

နိုင်ငံတစ်ဝန်းစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှု။

သဘာဝဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေး

ရခိုင်ဒေသသို့ မိုခါမုန်တိုင်း မဝင်ရောက်မီနှင့် ဝင်ရောက်ပြီးကာလများတွင် သုံးစွဲသူများ၏ တယ်လီကွန်း ဝန်ဆောင်မှုများ အဆက်အသွယ် မပြတ်ရှိစေရေးအတွက် အလေးထားဆောင်ရွက်ခဲ့ပါသည်။ မိုခါမုန်တိုင်း ရခိုင်ဒေသသို့ မဝင်ရောက်မီ ဂြိုလ်တုဆက်သွယ်ရေးစနစ်များ (Satellite terminal) (၁၀)ခု နှင့် ရွေ့လျားမိုဘိုင်းစခန်းများ (Cells on Wheels) (၅)ခုကို ကြိုတင်ထားရှိခြင်းတို့ကို ဆောင်ရွက်ခဲ့သည့်အပြင် မုန်တိုင်းပြီးကာလ ဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရန်အတွက် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် တာဝါများအစား ယာယီနောက်တွဲ (trailer) တာဝါများဖြင့် ချက်ချင်းအစားထိုး ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေစာရင်းသို့ မြန်မာကျပ်ငွေသိန်း (၁၀၀၀) လှူဒါန်းခဲ့သည့်အပြင် အဓိကကျသော ဆေးရုံများနှင့် တက္ကသိုလ်များအတွက် ဖိုင်ဘာအင်တာနက် လိုင်းများတပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ မုန်တိုင်းဒဏ်ခံပြည်သူများ အဆက်အသွယ် မပြတ်ရှိနေစေရေး၊ အရေးကြီးသော သတင်းအချက်အလက်များ သိရှိနိုင်ရေးနှင့် လိုအပ်သော အကူအညီများ အချိန်မီ ပေးအပ်နိုင်ရေးအတွက် MPT မှ အထူးအလေးထား ဆောင်ရွက်ခဲ့ပါသည်။

စစ်တွေမြို့ရှိ လိုအပ်သောနေရာများတွင် Cells on Wheels (ရွေ့လျားမိုဘိုင်းစခန်းများ) ထားရှိဆောင်ရွက်ထားပုံ

၂၀၂၃ ခုနှစ်အောက်တိုဘာလတွင် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)အား “မြန်မာပြည်နှင့် အတူရှိနေမည်”ဟူသည့် ကတိကဝတ်နှင့်အညီ အရေးပေါ် စားနပ်ရိက္ခာများနှင့် အဆက်အသွယ်မပြတ် ရှိနေစေရေးအတွက် 2 GB ဒေတာနှင့် MPT ဖုန်းအချင်းချင်း အခမဲ့ ဖုန်းခေါ်ဆိုခွင့် ၁၀၀ မိနစ် ကိုလည်း ပေးအပ်ခဲ့ပါသည်။

သဘာဝဘေးကြုံတွေ့နေရသည့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ရှိ ပြည်သူများအား အရေးပေါ်စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် အကောင်းဆုံး ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် စဥ်ဆက်မပြတ် ပေးအပ်သွားမည် ဖြစ်ပါသည်။ လာမည့်နှစ်ဧပြီလမှ စတင်၍ မြန်မာနိုင်ငံ၏ အနာဂတ်များ ပိုမိုကောင်းမွန်စေရေးတွင် အဓိကကျသည့် လူငယ်များအတွက် မရှိမဖြစ် လိုအပ်သော စွမ်းရည်များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် လိုအပ်သော ထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လူငယ်များအတွက် အောင်မြင်မှု ရရှိရန် လိုအပ်သော အရင်းအမြစ်များနှင့် အခွင့်အရေးများ ရရှိနိုင်ရေး တတ်စွမ်းသမျှ ထောက်ပံ့ပေးအပ်သွားမည့်အပြင် တစ်ချိန်ထဲတွင် မြန်မာ့ယဥ်ကျေးမှု ဓလေ့ရိုးရာနှင့် ထုံးတမ်းစဥ်လာများကို ဆက်လက်တန်ဖိုးထား ထိန်းသိမ်းသွားမည် ဖြစ်ပါသည်။

MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများ၏ ထောက်ခံအားပေးမှုနှင့် ယုံကြည်မှုအတွက် ကျေးဇူးအထူးတင်ရှိပြီး မတူညီသော ကဏ္ဍများအတွက် ပံ့ပိုးကူညီပေးမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သုံးစွဲသူများ အနေဖြင့် MPT ၏ လူမှုအသိုက်အဝန်းနှင့်အတူ ဆက်လက်၍ ရှေ့သို့လှမ်းချီ ဆောင်ရွက်မှုများတွင် အတူရှိနေပေးရန် ပန်ကြားလိုပါသည်။ MPT ၏ လူမှုအသိုက်အဝန်းအတွင်း တာဝန်သိ လူမှုအကျိုးပြု လုပ်ငန်းများနှင့် ပတ်သက်သည့် အချက်လက်များကို တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး MPT ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သိရှိလိုပါက 106 call center နှင့် တိုက်ရိုက် တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top