Facebookက Manage Activity လုပ်ဆောင်ချက်ကို စတင်မိတ်ဆက်

Manage-Activity_Credit-to-Facebook.png

ကျောင်းပြီးခါစ လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်လာသူဖြစ်စေ၊ အရင်ရှိခဲ့တဲ့ ဆက်ဆံရေးဟောင်း တစ်ခုမှ ရုန်းထွက်လိုသူဖြစ်စေ လူတိုင်းရဲ့ ဘဝမှာ အပြောင်းအလဲများ ရှိတတ်ကြောင်း Facebook မှ သိရှိနားလည် ထားပါတယ်။ တဆက်တည်းမှာပဲ လူတစ်ဦးရဲ့ ပြင်ပရှိ လတ်တလော အခြေအနေကို ပိုမို တိကျစွာ ထင်ဟပ်ပြသနိုင်ရန် Facebook ပေါ်ရှိ မိမိရဲ့ပုံပန်းအသွင်အပြင်ကို လိုအပ်သလို အလွယ်တကူ ရွေးချယ် ပုံဖော်နိုင်ခွင့် ရှိစေလိုပါတယ်။ ဒါကြောင့် Facebook က မိမိတို့ရဲ့ ပိုစ့်အဟောင်းတွေကို တစ်နေရာတည်းမှာ အခြားသူများ မမြင်နိုင်ရန်သိမ်းဆည်းနိုင်တဲ့ (သို့မဟုတ်) အပြီးတိုင် ဖျက်ပစ်နိုင်တဲ့ Manage Activity လုပ်ဆောင်ချက်ကို ထည့်သွင်းမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

သိမ်းဆည်းနိုင်မယ့် လုပ်ဆောင်ချက် (archive feature) ဆိုတာက Facebook ပေါ်မှာ အခြားသူများ မမြင်တွေ့စေချင်သော်လည်း ကိုယ်တိုင်ကြည့်ရှုနိုင်ရန် ဆက်လက် ထိန်းသိမ်းထားလိုသော စာစုများကို သိမ်းဆည်းနိုင်ရန် ဖြစ်ပါတယ်။ ဥပမာ အထက်တန်းကျောင်းသားဘဝမှာ တင်ခဲ့တဲ့ ပိုစ့်တစ်ခုမှာ မိမိအတွက် ရယ်ရွှင်ဖွယ်ရာဖြစ်သော်လည်း Facebook ပေါ်မှာ အခြားမည်သူ တစ်ဦးတစ်ယောက်မျှ မမြင်တွေ့စေလိုပါက သိမ်းဆည်းထားနိုင်ရန် ဖြစ်ပါတယ်။

Manage Activity လုပ်ဆောင်ချက်မှာ မိမိ မလိုတော့တဲ့ ပိုစ့်များကို အမှိုက်စာထားရန်နေရာ (trash) သို့ ရွှေ့ပြောင်းထားနိုင်ပါတယ်။ အမှိုက်စာထားရန်နေရာသို့ ရောက်သွားသည့် ပိုစ့်များမှာ မိမိကိုယ်တိုင် အပြီး မဖျက်မချင်း (သို့မဟုတ်) ပြန်လည်ရယူ သိမ်းဆည်းမှု မပြုလုပ်မချင်း ရက် (၃၀) ကြာ ရှိနေမည်ဖြစ်ပြီး ထို့နောက် အလိုအလျောက် ပျောက်ပျက်သွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်မှာ ဖျက်လိုက်တဲ့ ပိုစ့်များအပေါ် မတင်မကျဖြစ်ကာ စိတ်ပြောင်းပြီး ပြန်လည်ရယူလိုပါက အသုံးပြုနိုင်ရန်ဖြစ်ပါတယ်။

ပို့စ်များစွာကို တစ်ကြိမ်တည်းဖြင့် ရိုးရှင်းလွယ်ကူစွာ စီမံခန့်ခွဲနိုင်ရန်အတွက် Manage Activity မှာ မိမိတို့ရဲ့ ပို့စ် အမြောက်အမြားကို ကြည့်ရှုစစ်ဆေးနိုင်ရန် ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် သတ်မှတ်ထားသူ တစ်ဦးတည်းနှင့်သာ သက်ဆိုင်တဲ့ ပိုစ့်များ (သို့မဟုတ်) သတ်မှတ်ထားသော ရက်စွဲအတွင်းရှိ ပိုစ့်များ စသည်ဖြင့် မိမိ ရှာလိုသည့် အကြောင်းအရာ၊ အမျိုးအစားအလိုက် စစ်ထုတ်ပေးနိုင်ရန် ဖန်တီးထားပါတယ်။

Manage Activity လုပ်ဆောင်ချက်ကို မိုဘိုင်းပေါ်မှာ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး နောက်ပိုင်း desktop နှင့် Facebook Lite တွင်ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Facebook ပေါ်မှာ စွဲကျန်နေတဲ့ ဒစ်ဂျစ်တယ် ခြေရာများကို လိုအပ်သလို စီမံနိုင်ရန် ထိုနည်းပညာ အသုံးချကိရိယာအတွက် စွမ်းဆောင်ရည် အသစ်များ ဆက်လက် ဖန်တီးထည့်သွင်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top