ရန်ကုန်မြို့ OSC ဆေးရုံနဲ့ ဘန်ကောက်မြို့ BNH ဆေးရုံတို့ပူးပေါင်းပြီး အမျိုးသမီးမီးယပ်ရောဂါဆိုင်ရာဆေးခန်းဖွင့်လှစ်

IMG_6239.jpg

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ပထမဆုံးပုဂ္ဂလိကဆေးရုံ BNH Hospital နဲ့ မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ OSC Hospital တို့ ပူးပေါင်းပြီး အမျိုးသမီးတွေနဲ့ပတ်သက်တဲ့မီးယပ်ရောဂါများ၊ မီးယပ်ကင်ဆာများကိုကုသနိုင်မယ့် Gynaecology Clinic (အမျိုးသမီးမီးယပ်ရောဂါဆေးခန်း) ကို မြောက်ဥက္ကလာပမြို့က OSC Hospital မှာ ဖွင့်လှစ်လိုက်ပါပြီ။

ဆေးခန်းမှာ BNH Hospital မှ မီးယပ်အထူးကုဆရာဝန် Dr.Kunthida Rithirangsriroj က လစဉ်နောက်ဆုံးပတ်အတွင်း OSC Hospital မှာ ဆေးခန်းထိုင်ပြီး လူနာတွေကို ဆွေးနွေးတိုင်ပင်ကုသပေးမှာဖြစ်ကာ အဓိကအနေနဲ့ သားအိမ်ခေါင်းကင်ဆာ၊ သားဥအိမ်ကင်ဆာကာကွယ်ခြင်း (Cervica cancer screening and treatment) နဲ့ မီးယပ်ရောဂါနဲ့ဆိုင်တဲ့ ပြဿနာတွေ Infertility counseling and testing (သားသမီးရယူလိုသောစုံတွဲတွေ ဆွေးနွေးတိုင်ပင်ခြင်း)အစရှိတဲ့ ဝန်ဆောင်မှုတွေပါဝင်မှာ ဖြစ်ပါတယ်။

ဘန်ကောက် BNH Hosptial မှာသွားပြီးရောက်ကုသဖို့ လိုအပ်ရင်လည်း ဆေးကုသမှုနဲ့ပတ်သက်လို့ အစစအရာရာ အဆင်ပြေအောင်စီစဉ်ပေးမှာဖြစ်ပြီး ကုသမှုခံယူခဲ့တဲ့လူနာတွေအနေနဲ့ မြန်မာပြည်ပြန်ရောက်ရင် OSC Hospital မှာရှိတဲ့ တာဝန်ခံမီးယပ်အထူးကုဆရာဝန်နဲ့ဆက်ပြီးပြသနိုင်တယ်လို့ သိရပါတယ်။

Women’s Health (အမျိုးသမီးကျန်းမာရေး) နဲ့ပတ်သက်ပြီး Centre of Excellence (COE) အဖြစ် သတ်မှတ်ခံထားရတဲ့ BNH Hospital ဆေးရုံဟာ နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိပြီဖြစ်ပါတယ်။

Gynaecology Clinic မှာ သားအိမ်ခေါင်းကင်ဆာအခမဲ့စစ်ဆေးခွင့်ကူပွန်သုံးစောင်ကို ရိုးရာလေးစာဖတ်ပရိသတ်တွေအတွက် မဲဖောက်ပေးမယ့်အစီအစဉ်လေးရှိပါတယ်။ သားအိမ်ခေါင်းကင်ဆာအခမဲ့စစ်ဆေးခွင့်ကူပွန်တွေကို စိတ်ဝင်စားလို့ရယူချင်ရင်တော့ ရိုးရာလေး Facebook Message Box ကို အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတွေ ပေးပို့ထားနိုင်ပါတယ်။ ပေးပို့သူတွေထဲကမှ သုံးယောက်ကို မဲဖောက်ရွေးချယ်ပေးသွားမှာပါ။

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခွင့်ကူပွန်တွေကို (ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ) သုံးလအတွင်းအသုံးပြုလို့ရမှာဖြစ်ပြီး အခမဲ့စစ်ဆေးပေးမယ့် ဆေးခန်းဖွင့်ချိန်တွေကတော့ ဖေဖော်ဝါရီလမှာ ၂၅-၂-၂၀၁၉ (တနင်္လာ)(နေ့ခင်း၁နာရီ မှ ည၇နာရီထိ) နဲ့ ၂၆-၂-၂၀၁၉ (အင်္ဂါ)(မနက်၉နာရီ မှ နေ့ခင်း၂နာရီထိ)၊ မတ်လမှာ ၁၈-၃-၂၀၁၉ (စနေ)(နေ့ခင်း၁နာရီ မှ ည၇နာရီထိ) နဲ့ ၁၉-၃-၂၀၁၉(တနင်္ဂနွေ)(မနက်၉နာရီ မှ နေ့ခင်း၂နာရီထိ) တို့ဖြစ်ပါတယ်။ ဧပြီလအတွက် ဆေးခန်းဖွင့်ချိန်ကိုတော့ ထပ်မံဖြည့်စွက်ဖော်ပြပေးသွားမှာပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top