မြန်မာပြည်သူများ၏ ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးကူညီ လှူဒါန်းပေးမည့် “အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဥ်

2.7.23-yyl-1.jpg

အူရီဒူးမြန်မာမှ မြန်မာပြည်သူလူထုအတွက် ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးရန် ကတိကဝတ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်သည့်အနေဖြင့် “အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဥ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ (၁) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ဤအစီအစဉ်ဖြင့် သုံးစွဲသူများမှ အူရီဒူးအချင်းချင်းဖုန်းခေါ်ဆိုမှုပြုလုပ်သည့်အခါ ၁ မိနစ် ပြောဆိုမှုတိုင်းအတွက် အူရီဒူးမြန်မာ၏ဝင်ငွေထဲမှ ၁ကျပ်စီ လှူဒါန်းပေးသွားမည် ဖြစ်သည်။

အူရီဒူးမြန်မာအနေဖြင့် သုံးစွဲသူများမှ ၁ မိနစ်ပြောတိုင်း အူရီဒူးမှ ၁ ကျပ်လှူပေးသော အစီအစဉ်ကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ လိုအပ်နေသည့်နေရာများမှ လူမှုအသိုင်းအဝိုင်းများ၏ ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ပံ့ပိုးကူညီလိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ်မှစတင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်ဖြင့် အူရီဒူးမြန်မာသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ မိဘမဲ့ကလေးဂေဟာများနှင့် လူငယ်လေ့ကျင့်ရေး စင်တာများအတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ်သိန်းပေါင်း တစ်သောင်းနှစ်ထောင်ကျော်ကို ပံ့ပိုးပေးခဲ့ပြီး ဖြစ်သည်။

၎င်းအလှူငွေများကို လိုအပ်နေသည့်လူမှုအသိုင်းအဝိုင်းများမှ ကလေးများကို အခမဲ့ပညာရေး ဆက်လက်ပံ့ပိုးပေးနိုင်ရန် ပညာရေးဆိုင်ရာ အဆောက်အအုံအသစ်များ ဆောက်လုပ်ခြင်း၊ ဒစ်ဂျစ်တယ် စင်တာများ ဆောက်လုပ်ခြင်းနှင့် အဆောက်အအုံဟောင်းများ ပြန်လည်ပြင်ဆင်ခြင်း စသည်ဖြင့် လိုအပ်သည့် နေရာများအတွက် ပံ့ပိုးလှူဒါန်းခဲ့ပါသည်။

အူရီဒူးမြန်မာ၏ Acting CEO ဖြစ်သူ ‌ဒေါ်ထားသန့်ဇင်က “ အူရီဒူးအနေနဲ့ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို အဓိကထား ပံ့ပိုးပေးလျက်ရှိပါတယ်။ “ပညာမြင့်မှ လူမျိုးတင့်မည်” “ပညာရဲရင့် ပွဲလည်တင့်” “ပညာရွှေအိုး လူမခိုး” စတဲ့ စကားပုံတွေအတိုင်း ပညာရေးဟာ အရမ်းအရေးကြီးတယ်ဆိုတာ ကျွန်မတို့တွေအားလုံးရဲ့ တူညီတဲ့ခံယူချက်တွေပါ။ အဲဒါကြောင့် ကျွန်မတို့ ဒီကနေ့ မြန်မာနိုင်ငံတစ်ဝှမ်းက လူမှုအသိုင်းအဝိုင်းတွေအတွက် အကျိုးပြုပံ့ပိုးပေးခဲ့တဲ့ အစီအစဉ်တွေထဲက အထိရောက်ဆုံးဖြစ်ခဲ့တဲ့ ပညာရေးကိုပံ့ပိုးပေးသွားမယ့် “အူရီဒူးကလှူနေမှာ ၁မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဉ်ကို ပြန်လည်အသက်သွင်းဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ် “ ဟု ပြောသည်။

အူရီဒူးမြန်မာမှ ဤအစီအစဉ်ဖြင့် ကျောင်းအဆောက်အအုံ ၄၀ အပါအဝင် ပညာရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စုစုပေါင်း ၅၁ ခုကို ပံ့ပိုးပေးခဲ့ပြီး နှစ်စဉ် ကျောင်းသားပေါင်း ၃၀,၀၀၀ ကျော်ကို အကျိုးပြုလျက်ရှိပါသည်။ မြန်မာပြည်သူလူထုရဲ့ ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးရန်ရည်ရွယ်ထားသည့် အူရီဒူးမြန်မာအနေဖြင့် အူရီဒူးသုံးစွဲသူ အချင်းချင်း ဆက်သွယ် ပြောဆိုခြင်းများမှတစ်ဆင့် လှူဒါန်းသွားမည့် “အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဥ်ကို ဇူလိုင်လ ၁ ရက်နေ့တွင် ပြန်လည်စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top