ဈေးကွက်တန်ဖိုး ၃ ထရီလျံ တန်ကြေးရှိတဲ့ ကမ္ဘာ့ပထမဆုံး အများပြည်သူပိုင်ကုမ္ပဏီအဖြစ် Apple မှတ်တမ်းဝင်

2.7.23-yyl-6.jpg

Apple ဟာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ထရီလျံ တန်ကြေးရှိတဲ့ ပထမဆုံး အများပြည်သူပိုင်ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ ၄၇ နှစ် သက်တမ်းရှိတဲ့ Apple ကုမ္ပဏီဟာ သောကြာနေ့ ဈေးကွက်ပိတ်ချိန်မှာ ရှယ်ယာတန်ဖိုး ၂.၃ ရာခိုင်နှုန်း မြင့်တက်ပြီး ရှယ်ယာတစ်စုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၉၃.၉၇ ဒေါ်လာအထိ ရှိခဲ့တာကြောင့် ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၀၄ ထရီလျံအထိ ရှိခဲ့တာပါ။

Apple ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကလည်း ဈးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ထရီလျံကျော်အထိ တန်ကြေးမြင့်တက်ခဲ့ပေမဲ့ ရှယ်ယာတန်ဖိုး မြင့်တက်မှုကို ဈေးကွက်ပိတ်ချိန်အထိ ထိန်းမထားနိုင်ခဲ့ပါဘူး။ ယခုနှစ်အစောပိုင်းမှာတော့ တိုးတက်မှုကျဆင်းခဲ့လို့ Apple ရဲ့ ဈေးကွက်တန်ဖိုးက ဒေါ်လာ ၂ ထရီလျံအောက်ကိုတောင် ကျဆင်းခဲ့ပါသေးတယ်။

Vision Pro virtual reality headset ကို စတင်မိတ်ဆက်ခဲ့တဲ့ ဇွန်လအစောပိုင်းမှာတော့ ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ထရီလျံဝန်းကျင် ဖြစ်လာခဲ့တာပါ။ Microsoft ကုမ္ပဏီကတော့ ဈေးကွက်တန်ဖိုး ဒေါ်လာ ၂.၅ ထရီလျံနဲ့ ဒုတိယလိုက်နေပြီး ဆော်ဒီ ရေနံကုမ္ပဏီ Aramco ကတော့ ဒေါ်လာ ၂.၀၈ ထရီလျံနဲ့ တတိယနေရာ ရပ်တည်နေပါတယ်။

Ref: Apple becomes first public company to be valued at $3trn

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top