အပြစ်ဆိုဖွယ်ရာမရှိတဲ့ လုပ်ဆောင်ချက်တွေနဲ့ vivo Y36

2.7.23-yyl-5.jpg

vivo Y36 ကတော့ 44W FlashCharge, 5000 mAh Battery, 8 GB + 8 GB Extended RAM နှင့် 50 MP HD Main Camera အစရှိတဲ့ Specifiction တွေနဲ့အတူ ဈေးကွက်ထဲ ဝင်ရောက်လာတော့မှာပါ။ Premium Crystal Glass နဲ့ ပြုလုပ်ထားပြီး Luxury ဆန်ဆန် ချောမွေ့ ပြောင်လက်သည့် မျက်နှာပြင် ရှိပါတယ်။ Golden Ripple Process လို့ခေါ်တဲ့ ရွှေရောင်လှိုင်းတွန့်သဏ္ဍန် မှန်နောက်ကျောဘက်က ဆွဲဆောင်မှုရှိပြီး Fantasy Frame ကလည်း၎င်း၏လူငယ်ဆန်ပြီး ထူးခြားသောအသွင်ကို ပံ့ပိုးပေးလျက်ရှိသည်။

Y36 မှာ ထပ်တိုးပါဝင်လာတဲ့ 8 GB + 8 GB Extended RAM ကအဟန့်အတားမရှိ လျင်မြန်သော အတွေ့အကြုံကို ရရှိစေနိုင်ပါသည်။ စွမ်းဆောင်ရည်မြင့်သည့် Qualcomm Snapdragon 680 Mobile Platform ဖြင့် Y36 သည် အဆင်ပြေချောမွေ့ပြီး မြင့်မားသည့်စွမ်းဆောင်ရည်ကို ထောက်ပံ့ပေးနိုင်ပါသည်။

vivo Y36 ကို ဈေးနှုန်းအားဖြင့် မြန်မာကျပ်ငွေ ၆၆၉,၈၀၀ ကျပ် ဖြင့် pre-order စတင်မှာယူနိုင်ပြီဖြစ်ပြီး preorder gift အဖြစ် vivo travel bag တစ်လုံး၊ vivo Y36 T-shirt တို့ကို မှာယူသူတိုင်းအား လက်ဆောင် ပြန်လည် ပေးအပ်သွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top