ရေခဲတုံးကြီး ဖြစ်သွားတာတောင် အသက်ရှင်နိုင်စွမ်းရှိတဲ့ သစ်သားဖား

frog.jpg

A closeup of a frozen and dead frog laying on the snow-covered ground in winter

အလက်စကာပြည်နယ် ရေခဲပြင်ထဲမှာ ရှင်သန်ကျက်စားလေ့ရှိတဲ့ သစ်သားဖားဟာ ထူးခြားတဲ့စွမ်းရည်ကို ပိုင်ဆိုင်ထားပါတယ်။ ရာသီဥတု ကြမ်းတမ်းလွန်းတဲ့ အလက်စကာပြည်နယ်ရဲ့ ဆောင်းရာသီဟာ အပူချိန် ရေခဲမှတ်အောက် ကျဆင်းပြီး သစ်သားဖားရဲ့ ခန္ဓာကိုယ်ဟာလည်း ရေခဲတုံးကြီး ဖြစ်သွားပါတယ်။

နှလုံးခုန် ရပ်တန့်သွားသလို အဆုတ်ကလည်း အလုပ်မလုပ်တော့ပါဘူး။ ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှု မရှိတော့သလို ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေလည်း ရပ်တန့်သွားပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင် သေသွားပြီလို့ ထင်စရာ ရှိပါတယ်။

တကယ်တော့ သစ်သားဖားဟာ သူ့ခန္ဓာကိုယ် အေးခဲမသွားရင် ခန္ဓာကိုယ်ထဲမှ တစ်သျှူးတွေကို ဂလူးကို့စ်တွေရဲ့ ဖုံးလွှမ်းပစ်လိုက်တာပါ။ ဂလူးကို့စ်တွေရဲ့ တားဆီးကာကွယ်မှုကြောင့် ဆဲလ်တွေ အေးခဲသွားခြင်း မရှိပါဘူး။ ဒီဖြစ်စဉ်ကိုတော့ cryopreservation လို့ ခေါ်ဆိုပါတယ်။ ဒါကြောင့် ရေခဲသွားပေမဲ့ အတွင်းပိုင်းထဲမှာတော့ သစ်သားဖားက အသက်ရှင်သန်နေဆဲပါပဲ။

နွေဦးရောက်လို့ ဆီးနှင်းတွေ အရည်ပျော်သွားတဲ့အခါမှာတော့ သစ်သားဖားက သက်ဝင်လှုပ်ရှားလာမှာပါ။

Ref: Alaskan wood frog

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top