သီတင်းပတ် ၃ ပတ်အတွင်း အရက်ဈေး ပြန်လျှော့ချပေးဖို့ ဂါနာနိုင်ငံ ယမကာလုလင်များအစည်းအရုံးက ဂါနာအစိုးရကို တောင်းဆိုထားပါတယ်။ ယမကာလုလင်များ အစည်းအရုံးဟာ ဂါနာနိုင်ငံမှာ ထင်ရှားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၆.၆ သန်းကျော် ရှိပါတယ်။
” အရိုးခြောက်” လို့ လူသိများတဲ့ ယမကာလုလင်များအစည်းအရုံး ဥက္ကဋ္ဌ မော့ဆက်စ်အွန်ယာ ” အခုချိန်ထိ အရက်ဈေး တက်နေတုန်းပဲ။ ၁၅ ရာခိုင်နှုန်းလောက် ဈေးတက်နေတော့ လက်လီအရောင်းဆိုင်တွေ ထိတာပေါ့။ ဆီဒီ (ဂါနာနိုင်ငံသုံး ငွေကြေး) တန်ဖိုးတက်လာလို့ အခြားကုန်ပစ္စည်းတွေ ဈေးကျနေချိန်မှာတောင် အရက်ဈေး တက်နေတာပါ” လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သူ့ရဲ့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။
အရက်ဈေးတက်တာကို မကျေနပ်တဲ့ အဖွဲ့ဝင်တွေက အရက်ဈေး လျှော့ချပေးဖို့ အက်ခရာမြို့မှာ ချီတက်တောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။ သီတင်းပတ် ၃ ပတ်းအတွင်း အရက်ဈေး လျှော့ပေးဖို့ ဂါနာသမ္မတ ဒရာမာနီမာဟာမာနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနကို တောင်းဆိုထားပြီး တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိရင် နိုင်ငံတစ်ဝန်း အကြီးအကျယ် ဆန္ဒပြပွဲတွေ ဖြစ်လာလိမ့်မယ်လို့ သတိပေးထားပါတယ်။
Ref: Ghana’s Drunkard Association Protests High Alcohol Prices
NZ ( ရိုးရာလေး)