အီထယ်ဝန်လူအုပ်ပြိုမှုအတွင်း သေဆုံးခဲ့သူတွေ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ခင်းကျင်းထားတဲ့ပုံရိပ်များ

2-11-2022yyl41.jpg

အီထယ်ဝန်လူအုပ်ပြိုမှုအတွင်း သေဆုံးခဲ့သူတွေရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ခင်းကျင်းထားတဲ့ပုံရိပ်များ

တောင်ကိုးရီးယားနိုင်ငံက ဟောလိုးဝင်းပွဲတစ်ခုအတွင်း လူ (၁၅၀) ကျော် သေဆုံးခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ သေဆုံးခဲ့သူတွေ ကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေရဲ့ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အင်္ဂါနေ့က ထွက်ရှိလာတဲ့ ဗီဒီယိုဖိုင်မှာ ဆိုးလ်မြို့က ကြက်တောင်ရိုက်ကွင်းအတွင်းက အဖြူရောင်စားပွဲခုံတွေပေါ်မှာရော ကြမ်းခင်းပေါ်မှာပါ သေဆုံးသူတွေနဲ့ အသက်ဘေးက လွှတ်မြောက်ခဲ့သူတွေ ပိုင်ဆိုင်တဲ့ အိတ်တွေ၊ ပိုက်ဆံအိတ်တွေ၊ ဖိနပ်တွေ၊ မျက်မှန်တွေ၊ မှတ်စုစာအုပ်တွေ၊ ခေါက်ပိုက်ဆံအိတ်တွေ၊ ဦးထုပ်တွေအပါအဝင် ပစ္စည်းမျိုးစုံရှိနေတာကို မြင်တွေ့ရပါတယ်။ ပစ္စည်းတွေကို နံပါတ်တွေ တပ်ပေးထားပါတယ်။ သူတို့ရဲ့မိသားစုဝင်တွေ လာရောက်ယူလို့ရအောင် အခုလို ခင်းကျင်းပေးထားတာပါ။

အီထယ်ဝန်လူအုပ်ပြိုမှုအတွင်း သေဆုံးခဲ့သူတွေရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ခင်းကျင်းထားတဲ့ပုံရိပ်များ

ဝမ်းနည်းကြေကွဲနေတဲ့ မိသားစုဝင်တွေက အဲဒီအားကစားရုံထဲကို တစ်ယောက်ချင်းလာခဲ့သလို အဖွဲ့လိုက်လည်း လာခဲ့ကြပါတယ်။ အဲဒီမှာရှိတဲ့ အဖြူရောင်လက်အိတ်နဲ့ တာဝန်ရှိသူတွေက သူတို့တွေကို သူတို့ကလေးတွေ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ရှာဖွေလို့ရအောင် ခင်းကျင်းထားတဲ့ ပစ္စည်းတွေရှိတဲ့ စားပွဲခုံတွေ၊ နေရာတွေကို ပြပေးကြပါတယ်။ မိသားစုဝင်တွေက သပ်သပ်ရပ်ရပ်၊ စီစီရီရီ ခင်းကျင်းပြထားတဲ့ ပစ္စည်းတွေကြားထဲကနေ သူတို့သားသမီးတွေရဲ့ပစ္စည်းတွေကို ရှာဖွေခဲ့ပါတယ်။ “တွေ့ပြီ။ ဒီတစ်ခုထင်တယ်” လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အဲဒါက အနက်ရောင်ကုတ်အင်္ကျီလေးတစ်ထည်ပါ။ အဲဒီအမျိုးသမီးက ကုတ်အင်္ကျီလေးကို ပွေ့ဖက်ရင်း ငိုခဲ့တယ်။

အီထယ်ဝန်လူအုပ်ပြိုမှုအတွင်း သေဆုံးခဲ့သူတွေရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ခင်းကျင်းထားတဲ့ပုံရိပ်များ

သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်လည်း သူ့ခင်ပွန်းနဲ့အတူ ရောက်လာပြီး သူ့သမီးလေးရဲ့ဘွတ်ဖိနပ်အရှည်လေးရှာတွေ့တော့ ငိုကြွေးရင်းနဲ့ ကြမ်းပြင်ပေါ်လဲကျသွားခဲ့တယ်။ အဲဒီဘွတ်ဖိနပ်အရှည်လေးက ခြေညှပ်ဖိနပ်၊ Sneaker တွေထားတဲ့ ဖိနပ်တန်းမှာ ရှိနေခဲ့တာပါ။ အခြေအနေအမျိုးမျိုးကြောင့် ဖိနပ်လေးက တစ်ဖက်ဘဲ ရှိခဲ့တယ်။ဘယ်ဖက်လက်မှာပတ်တီးစည်းထားတဲ့ ကောင်မလေးတစ်ယောက်ကလည်း သူ့ရဲ့ဖိနပ်ကို ရှာဖို့ အားကစားရုံထဲ ဝင်လာခဲ့တယ်။ အမည်မဖော်လိုသူ အဲဒီကောင်မလေးက လူအုပ်ပြိုမှုဖြစ်တဲ့အချိန် လမ်းကြားထဲက ဘားတစ်ခုရှေ့မှာ ရှိနေခဲ့တယ်လို့ ပြောပါတယ်။

အီထယ်ဝန်လူအုပ်ပြိုမှုအတွင်း သေဆုံးခဲ့သူတွေရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ခင်းကျင်းထားတဲ့ပုံရိပ်များ

လူအုပ်ထဲ ပိတ်မိသွားတဲ့ သူက အသက်ရှုကြပ်ပြီး မေ့သွားခဲ့တယ်။ အဲဒီအချိန်မှာ သူ သေပြီးလို့တောင် မှတ်ခဲ့တာ။ ဒါပေမဲ့ နိုင်ငံခြားသားတစ်ယောက်က သူ့ကို အော်နိုးခဲ့တယ်။ မတော်တဆမှုဖြစ်ရပ်အတွင်း သူ့ရဲ့လက်က ဆိုးဆိုးရွားရွားပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့တယ်။ လူအုပ်ကြီး တဖြည်းဖြည်းနဲ့ ပြေလျော့သွားနိုင်တဲ့အချိန်ထိ သူ တောင့်ခံထားခဲ့ပြီးနောက် ကယ်ဆယ်တာခံလိုက်ရတယ်လို့ သူက ပြောပါတယ်။

အီထယ်ဝန်လူအုပ်ပြိုမှုအတွင်း သေဆုံးခဲ့သူတွေရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ခင်းကျင်းထားတဲ့ပုံရိပ်များ

မတော်တဆမှုဖြစ်ရပ်ပြီးတဲ့နောက် အဝတ်အစား ၁.၅ တန်ကျော်လည်း စုဆောင်းမိခဲ့တယ်လို့ သိရပါတယ်။ အီထယ်ဝန်ရပ်ကွက်မှာ ဟော်လိုးဝင်းပွဲကို ခန့်မှန်းခြေ လူ ၁၀၀,၀၀၀ လောက် ပါဝင်ဆင်နွှဲခဲ့ရာမှာ အခုလို လူ (၁၅၆) ဦး သေဆုံးစေခဲ့တဲ့ မတော်တဆဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အီထယ်ဝန်လူအုပ်ပြိုမှုအတွင်း သေဆုံးခဲ့သူတွေရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ခင်းကျင်းထားတဲ့ပုံရိပ်များ

Ref: CNN & People “Families of Halloween crush victims identify lost items as South Korean police admit mistakes”

NZ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top