မင်္ဂလာဝတ်စုံဆာရီကိုပြန်လည်ဝတ်ဆင်ပြီး အမျိုးသားရုပ်ရှင်ဆုကို တက်ယူခဲ့တဲ့ အလီယာဘတ်

19.10.23-yyl-2.jpg

ဘောလိဝုဒ်ထိပ်တန်းမင်းသမီး အလီယာဘတ်ဟာ မကြာသေးခင်ကမှ ကျင်းပပြုလုပ်ခဲ့တဲ့ ၆၉ ကြိမ်မြောက်အမျိုးသားရုပ်ရှင်ဆုပေးပွဲမှာ Gangubai Kathiawadi ဇာတ်ကားနဲ့ သရုပ်ဆောင်ပီပြင်ပိုင်းနိုင်မှုကြောင့် တရားဝင်ဂုဏ်ပြုဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဆုတံဆိပ်နဲ့ ဂုဏ်ပြုမှတ်တမ်းကို အိန္ဒိယသမ္မတ ဒရူပါဒီ မာမူက ပေးအပ်ခဲ့တာပါ။ သမ္မတနဲ့အတူ Pose ပေးနေတဲ့ပုံရိပ်ကို အလီယာရဲ့ခင်ပွန်းဖြစ်သူ မင်းသား ရန်ဘီယာ ကာပူးရ်က ဖုန်းနဲ့ ရိုက်ကူးပေးခဲ့ပါတယ်။

အလီယာကို မင်္ဂလာဆောင်စဉ်က ဝတ်ဆင်ခဲ့တဲ့ မင်္ဂလာဝတ်စုံဆာရီကို ဝတ်ဆင်ပြီး ဆုပေးပွဲကို တက်ရောက်လာတာ တွေ့ခဲ့ရပါတယ်။ လက်ဝတ်ရတနာတွေကိုလည်း မင်္ဂလာဝတ်စုံဆာရီနဲ့ လိုက်ဖက်စွာ စတိုင်ကျကျဝတ်ဆင်လာခဲ့ပါတယ်။ မင်္ဂလာဝတ်စုံဆာရီဝတ်ဆင်ဖြစ်တာနဲ့ပတ်သက်ပြီး အလီယာဟာ ဆုပေးပွဲက ပုံတစ်ပုံနဲ့ အခုလို ပြောကြားခဲ့ပါတယ်။ “ထူးခြားတဲ့နေ့ထူးနေ့မြတ်မှာ အထူးဝတ်စုံကို ဝတ်ဆင်ရပါတယ်။ တစ်ခါတလေ ဒီဝတ်စုံက ကိုယ့်မှာ ရှိနေပြီးသားပါ။ နောက်ထပ်ထူးခြားတဲ့အရာ ထပ်ခါ ထပ်ခါ ထူးခြားလာနိုင်ပါတယ်”လို့ ရေးသားခဲ့တာပါ။

ဆုပေးပွဲအခမ်းအနားပြီးတဲ့အချိန်မှာလည်း အလီယာဟာ ဆုပေးပွဲက သူ့ရဲ့ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ပေးခဲ့ပါသေးတယ်။ အလီယာက အခုနှစ်ထဲ ဇာတ်ကားနှစ်ကားထွက်ရှိခဲ့ပါတယ်။ ရန်ဗီယာဆင်းနဲ့အတူ ပါဝင်ခဲ့တဲ့ Rocky Aur Rani Kii Prem Kahaani ဇာတ်ကားနဲ့ ဂယ်ဂဒေါ့နဲ့အတူ ပါဝင်ခဲ့တဲ့ သူ့ရဲ့ပထမဆုံးဟောလိဝုဒ်ဇာတ်ကား Heart of Stone တို့ပါပဲ။ Jigra ဆိုတဲ့ ဇာတ်ကားအသစ်ကိုလည်း ရိုက်ကူးနေပါတယ်။

Ref: Alia Bhatt re-wears wedding saree to accept her national award

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top