သူ့ရဲ့အလုပ်လက်မဲ့ရုပ်ရှင်အဖွဲ့သားတွေကို အလုပ်ရှာပေးခဲ့တဲ့ တွမ်ခရုစ်

19.10.23-yyl-1.jpg

Top Gun: Maverick မင်းသားကြီးတွမ်ခရုစ်က သူ့ရဲ့အလုပ်လက်မဲ့ရုပ်ရှင်အဖွဲ့သားတွေကို ပေါ့ပ်စတားရစ်ကီ အက်စတလေရဲ့Music Video ရိုက်ကူးမှုမှာ ပါဝင်နိုင်အောင် လုပ်ပေးခဲ့ပါတယ်။ ဟောလိဝုဒ်က ဇာတ်လမ်းဇာတ်ညွှန်း စာရေးဆရာတွေနဲ့ သရုပ်ဆောင်တွေအပါအဝင် စာရေးဆရာများသမဂ္ဂ (WGA) နဲ့ သရုပ်ဆောင်များသမဂ္ဂ (SAG-AFTRA) တို့ဟာ ရုပ်ရှင်ရိုက်ကူးရေးနယ်ပယ်မှာ ဉာဏ်ရည်တုနည်းပညာ AI အသုံးပြုမှုကန့်သတ်ပေးရေးအပါအဝင် အခြားတောင်းဆိုချက်တွေအတွက် ထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ မဟာမိတ်အသင်းကြီး AMPTP ကို သပိတ်မှောက်ဆန္ဒပြမှုကြောင့် Mission Impossible: Dead Reckoning Part 2 ရိုက်ကူးတာကို ရပ်တန့်ထားရတဲ့အတွက် အလုပ်လက်မဲ့ဖြစ်နေတဲ့ သူ့ရဲ့ Mission Impossible ရုပ်ရှင်အဖွဲ့သားတွေ ပိုက်ဆံရစေဖို့ အခုလိုလုပ်ပေးခဲ့တာပါ။

ရစ်ကီ အက်စတလေရဲ့ Forever and More သီချင်းဗီဒီယိုရိုက်ကူးနေတဲ့ ဆိုင်မွန်ပက်ဂျ်ကို သူ့ရဲ့ရုပ်ရှင်အဖွဲ့သားတွေကို ခေါ်သုံးပေးဖို့ တောင်းဆိုပေးခဲ့တာပါ။ “တွမ်က သူ့ရဲ့ရုပ်ရှင်တော်တော်များများအတွက် ရုပ်ရှင်အဖွဲ့သားအများကြီးနဲ့ အလုပ်လုပ်ခဲ့တာပါ။ ဒါ‌ကြောင့် ခက်ခဲနေတဲ့ကာလမှာ သူ သစ္စာရှိရှိနဲ့ ကူညီချင်ခဲ့တာပါ။ ဆိုင်မွန်နဲ့ ရစ်ကီရဲ့အေဂျင်စီတို့နဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ ရုပ်ရှင်အဖွဲ့သားတွေ ဗီဒီယိုရိုက်ကူးမှုမှာ အလုပ်လုပ်ဖို့ သူ လုပ်ပေးနိုင်ခဲ့ပါတယ်”လို့ အတွင်းသတင်းအရ သိရပါတယ်။

ရစ်ကီရဲ့ဗီဒီယိုကို တနင်္လာနေ့က ဗြိတိန်နိုင်ငံရှိ လျှို့ဝှက်နေရာတစ်ခုမှာ ရိုက်ကူးခဲ့ပါတယ်။

Ref: Tom Cruise reportedly lands his unemployed film crew new jobs shooting music video for Rick Astley

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top