မခွဲခြားနိုင်သေးတဲ့ အဆုတ်ရောင် ရောဂါ သစ်ကြောင့် ကာဇက်စတန်နိုင်ငံမှာ လူ ၁၇၀၀ ကျော် သေဆုံး

10-7-2020-yyl-032.jpg

ကိုရိုနာဗိုင်းရပ်စ်ထက် သေဆုံးသူပိုများနိုင်ပြီး မခွဲခြားနိုင်သေးတဲ့ အဆုတ်ရောင်ရောဂါသစ်ကြောင့် ကာဇက်စတန်နိုင်ငံမှာ လူ ၁၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ တရုတ်အရာရှိတွေက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဇွန်လအလယ်ပိုင်းကစတင်ပြီး ကာဇက်စတန်နိုင်ငံတစ်ဝန်းမှာ မခွဲခြားနိုင်သေးတဲ့ အဆုတ်ရောင်ရောဂါသစ် ဖြစ်ပွားမှုတွေ သိသိသာသာ မြင့်တက်လာခဲ့တာလို့ ကာဇက်စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ဒီနှစ်ထဲမှာ အဲဒီအဆုတ်ရောင်ရောဂါကြောင့် လူ ၁၇၇၂ ယောက် သေဆုံးခဲ့တဲ့အနက် ၆၂၈ ယောက်ကတော့ ဇွန်လတစ်လတည်းမှာပဲ သေဆုံးခဲ့တာပါ။ သေဆုံးသူအချို့ကတော့ တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ ” နေ့တိုင်း ဆေးရုံတက်ရသူ ၂၀၀ လောက်အထိရှိခဲ့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာတော့ အဆုတ်ရောင်ရောကဂါကြောင့် ဆေးရုံရောက်လာသူ ၃၀၀ လောက်ရှိပါတယ်။ အိမ်မှာပဲ ကုသနေသူတွေလည်း ရှိတယ်”လို့ နာဆူလ်တန်ကျန်းမာရေးစောင့်ရှောက်ရေးဌာန အကြီးအကဲ ကာဇင်ဖောင်းက ပြောပါတယ်။ အဲဒီအတွက် ကာဇက်စတန်နိုင်ငံမှာ နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ အပြင်ထွက်တာကို လျှော့ချဖို့၊ လူစည်ကားတဲ့နေရာတွေကို ရှောင်ရှားကြဖို့ တရုတ်သံရုံးက သတိပေးထားပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top